ဒအ်ဝဟ်နှင့် မြန်မာနိုင်ငံဟူသောခေါင်းစဉ်ဖြင့် စာတမ်းတွင် အခန်း(၂)ခန်းခွဲ၍ ရေးသားထားပါသည်။ အခန်း(၁)တွင် အခြားဘာသာများ၏ အစ္စလာမ်အပေါ် နားမလည်မှုများနှင့် အထင်အမြင်လွဲမှားမှုများကို ဒအ်ဝဟ်ဖိတ်ခေါ်သူများအား အဓိက မေးခွန်းထုတ်ခြင်းခံရသော အကြောင်းအရာများကို ရှင်းလင်းတင်ပြထား၍ အခန်း(၂)တွင်မူ ဒအ်ဝဟ်ဖိတ်ခေါ်ရာတွင် လုပ်ဆောင်သင့်သော လုပ်ငန်းစဉ်များမှ အချို့ကို တင်ပြထားပါသည်။
‘‘ ဒအ်ဝဟ်နှင့် မြန်မာနိုင်ငံ’’
ကျေးဇူးတော်အစုံ ဂုဏ်တော် အနန္တနှင့်ပြည့်စုံ၍ စကြ၀ဠာအဆင့်ဆင့်ကို ပြုစုပျိုးထောင် ဖန်ဆင်းတော်မူသော မပြတ်မစဲ သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
နိဒါန်း
ကျွန်ုပ်တို့သည် အမိမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အစ္စလာမ် သာသနာဝင်များ ဖြစ်ကြလေသည်။ ကျွန်ုပ်တို့ယုံကြည်မြတ်နိုးကြသော အလ္လာဟ်အရှင်မြတ်၏ သာသနာဖြစ်သော အစ္စလာမ်သာသနာသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အစ္စလာမ်သာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ် သာသနာပြုအဖွဲ့များက မြန်မာနိုင်ငံသို့ လာရောက်သာသနာပြုသဖြင့် ရောက်ရှိခဲ့ခြင်းမျိုးမဟုတ်ပေ။ အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အာရဗ်ကုန်သည်၊ ပါရှန်းကုန်သည်နှင့် ရောမ ကုန်သည်တို့သည် မိမိတို့တိုင်းပြည်များမှ ရွက်သင်္ဘောများဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းကို လည်းကောင်း၊ အရှေ့ဘက် တရုတ်ပြည်ကမ်းခြေများသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် လာရောက်ခဲ့ကြခြင်းဖြင့် အစ္စလာမ်သာသနာသည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့လေသည်။
မြန်မာဘုရင်များလက်ထက်တွင် အစ္စလာမ်သာသနာဝင် တိုင်းရင်းသားများအဖြစ် အသိအမှတ်ပြုခဲ့ကာ လုပ်မြေ၊ နေမြေများချထားပေးခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်လာလျှင် မြန်မာဘုရင်က လက်နက်များ ထုတ်ပေးကာ စစ်မြေပြင်သို့ထွက်၍ တိုက်ခိုက်ခဲ့ရသည်။ အချို့သူများကို အုပ်ချုပ်ရေး၊ အချို့အား စီးပွားရေး၊ အချို့အား ဘုရင်၏ ကိုယ်ရံတော် စသည်ဖြင့် တာဝန်ပေးခြင်းခံခဲ့ကြရသည်။ မြန်မာဘုရင်များ အဆက်ဆက်တွင် တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များသည် သာသနာရေးရာများတွင် တာဝန်ကျေပွန် ခဲ့ကြသည့်နည်းတူ ဘုရင့်အမှုတော်ထမ်းရွက်ရာတွင် ထူးချွန်ခဲ့ကြသည်။ ဘိုးတော်ဘုရားလက်ထက်တွင် အစ္စလာမ်သာသနာဝင် ဆရာကြီးဦးနုသည် အစ္စလာမ်သာသနာအကြောင်းကို ဘုရင်မင်းမြတ် သိရှိနားလည်နိုင် စေရန် ‘သံတော်ဦးတင်လွှာကျမ်း’ကို ရေးသားတင်သွင်းခဲ့သည်။ ယင်းသို့ တင်သွင်းရာတွင် အခြားဘာသာများအား ထိပါးပုတ်ခတ်မှု လုံးဝမရှိစေပဲ မိမိသာသနာအကြောင်းကို နားလည်စေရန်သာ တင်ပြခဲ့ ခြင်းဖြစ်သည်။ ဤသည်မှာ ဆရာကြီးဦးနု၏ ဒအ်ဝဟ်လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်သည်။
ကျမ်းတော်မြတ်ကုရ်အာန် (၂း၁၅၉)တွင် ‘ငါအရှင်သည် ထင်ရှားသော သက်သေနှင့် တရားလမ်းညွှန်ကို ထုတ်ပြန်ချမှတ်ခဲ့၏။ လူအများသိနားလည်ရန် ထိုသက်သေလက္ခဏာနှင့် တရားမျာားကို ငါအရှင်မြတ်သည် ကျမ်းဂန်၌ ပွင့်လင်းစွာ ဖွင့်ဟမြွက်ကြားတော်မူ၏။ ယင်းပွင့်လင်းစွာ ဖွင့်ဟရှင်းပြထားသော သက်သေလက္ခဏာ နှင့် တရားလမ်းညွှန်တို့ကို အချို့လူများသည် ထိန်ချန်ကြ၏။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူသည်။’ဟု ပါရှိပေရာ ဒအ်ဝဟ်လုပ်ငန်းသည် မွတ်စလင်မ်တိုင်းအတွက် တာဝန်တစ်ရပ်ပင်ဖြစ်သည်။
ယနေ့အချိန်ကာလ မြန်မာနိုင်ငံတွင် အစ္စလာမ်သာသနာအား နားလည်မှုလွဲခြင်းနှင့် အထင်အမြင်လွဲမှားမှု များစွာရှိနေသည်။ ဤကဲ့သို့သော အထင်အမြင်လွဲမှားမှုများကို ဖြေရှင်းနိုင်ရန် ‘ဒအ်ဝဟ်’ လုပ်ငန်းစဉ်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရပေမည်။ ဒအ်ဝဟ်ဖိတ်ခေါ်မှု လုပ်ငန်းများကို ကုရ်အာန်နှင့် တမန်တော်မြတ်၏ စံနမူနာများဖြင့် အစွဲကင်းစွာ တိုင်းရင်းသား နိုင်ငံသား ပီသမှုဖြင့် ဆောင်ရွက်ပြီး စည်းလုံး ညီညွတ်ရေးကို ဦးစားပေးရမည်ဖြစ်သည်။
အခန်း (၁)
နားမလည်မှုများနှင့် အထင်အမြင်လွဲမှားနေမှုများကို ရှင်းလင်းချက်များ
ဒအ်ဝဟ်ဟူသည်
ဒအ်ဝဟ်ဟူသည် ဖိတ်ခေါ်ခြင်း၊ ခေါ်ခြင်း၊ ကြိုဆိုခြင်း၊ အကူအညီတောင်းဆိုခြင်း၊ အခမ်းအနားသို့ ဖိတ်ခေါ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ကောင်းရာသို့ ဖိတ်ခေါ်ရမည်။ မကောင်းမှုမှ တားမြစ်ရမည်။ ကောင်းရာကို ညွှန်ကြားရမည်ဖြစ်သည်။ အရွေးမမှားပဲ ဆုံးရှုံးမှုများမှ ကင်းစေပြီး မှန်ကန်ဖြောင့်ဖြူးသော ဘ၀တည်ဆောက်၍ အနေတတ်၊ အသေတတ်၊ အနေမှန်၊ အသေမှန်ရန် တိုက်တွန်းနှိုးဆော် သတိပေးသည့်နည်းလမ်းကို ဒအ်ဝဟ်ဟု ခေါ်သည်။ ဘ၀တည်ဆောက်မှုမှန်ကန်ရန်အတွက် ဒအ်ဝဟ်ဖိတ်ခေါ်မှုသည် အလွန်အရေးကြီးသည့် အရေးပါသော အခန်းကဏ္ဍဖြစ်သည်မှာ ထင်ရှားပါသည်။ ဒအ်ဝဟ်ဖိတ်ခေါ်ရာတွင် အသိပညာ ဉာဏ်အလိမ္မာကို စေစား၍ ချိုသာအေးမြသောစကားလုံးများနှင့် ဖိတ်ခေါ်ရမည်။ ဖိတ်ခေါ်မှုပြုရာတွင် မိမိကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြီးမှသာ ဖိတ်ခေါ်ရမည်။ ယင်းသို့ အသိပေးဖိတ်ခေါ်မှုတွင် အတင်းအကြပ် မဖြစ်စေရန် လိုအပ်ပါသည်။
ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ်-အိဆ်လာဟ် (ကုရ်အာန် ၄း၁၁၄)၊ အလ်-တဗ်လိဂ်(ကုရ်အာန် ၇း၆၂)၊ အလ်-တ၀စီဘိလ် ဟက်(ကုရ်အာန် ၁၀၃း၃)၊ ဘယာန်(ကုရ်အာန် ၂း၁၆၀) ဟူသော စကားလုံးများကို ဒအ်ဝဟ်နှင့် အဓိပ္ပါယ်ဆင်တူစွာ သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။
‘အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏လမ်းသို့ ဉာဏ်ပညာ(ဟိက်မဟ်)၊ ကောင်းမြတ်သောဆုံးမသြ၀ါဒဖြင့် ဖိတ်ခေါ်ပါလေ။ အသင်သည် ယင်းသူတို့အား အကောင်းဆုံးသောနည်းလမ်း ဖြင့် အချေအတင်ပြောဆိုပါလေ . . .။’ (ကုရ်အာန် ၁၆း၁၂၅)
‘အသင်တို့တွင် အုပ်စုတစ်ခုရှိရပေမည်။ ထိုအုပ်စုသည် ကောင်းရာဘက်သို့ ဖိတ်ခေါ်ကြရမည်။ ကောင်းမြတ်သောအရာများကို ညွှန်ကြားကြရမည်။ ထိုအုပ်စုသည် မကောင်းမှုများမှ တားမြစ် ကြရမည်။ ဤသို့သောသူများသာလျှင် အောင်မြင်မည့်သူများဖြစ်လေ၏ . . . ။’ (ကုရ်အာန် ၃း၁၀၄)
အစ္စလာမ်အပေါ် အဓိကနားမလည်မှုများ
ယနေ့ကမ္ဘာကြီးတွင် အစ္စလာမ်အပေါ် နားမလည်မှုများ များစွာရှိနေပေသည်။ ဤကဲ့သို့ နားမလည်မှုများ ခန္ဓာကိုယ်တွင်းမှာ ကိန်းဝပ်နေမည်ဆိုပါက တစ်ချိန်တွင် အန္တရာယ်သဖွယ်ဖြစ်လာနိုင်ပါသည်။
ငြိမ်းချမ်းသာယာမှုသည် ဘာသာတရားမှ မျှော်မှန်းထားသည့် အရာတစ်ခုဖြစ်ပါသည်။ ဘာသာသာသနာ အသီးသီးသည် ငြိမ်းချမ်းသာယာမှုကို တောင့်တသည့်ဆန္ဒမှ ပေါ်ပေါက်လာပါသည်။ ဘုရားသခင်နှင့် ငြိမ်းချမ်းမှု ကို တည်ဆောက်ခြင်းဖြင့် ဘုရားသခင်ဖန်ဆင်းတော်မူထားသည့် ဖန်ဆင်းခံလောကကြီးတစ်ခုလုံး ငြိမ်းချမ်းမှုနဲ့ တည်ဆောက်ရန် လိုပါသည်။ ဘုရားသခင်၏ လူသားမိသားစုကြီးအပေါ်တွင် ပေးသနားထားသည့် ကောင်းချီးသည် ငြိမ်းချမ်းမှုသာဖြစ်ပါသည်။ အစ္စလာမ်ဟူသည် ငြိမ်းချမ်းခြင်းဟု အဓိပ္ပါယ်ဆောင်သည်။ မွတ်စလင်မ်ဟူသည် ငြိမ်းချမ်းခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံသူဖြစ်ပေသည်။ အစ္စလာမ်သည် ဘာသာရေးသက်သက်ပဲမဟုတ်ပါ။ ဥပဒေသက်သက်ပဲလားဆိုလည်း မဟုတ်ပါ။ အလုံးစုံသော လူ့အရေးအရာ ကိစ္စအ၀၀မှာပင် ဓလေ့ထုံးတမ်းများ၊ စိတ်နေသဘောထားများ၊ စံများ၊ ကျင့်ဝတ်များနှင့် တန်ဖိုးများဟူ၍ လွှမ်းခြုံပတ်သက်ထားပါသည်။ အစ္စလာမ့် ဓလေ့ထုံးစံများတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးပိုင်း ကိစ္စရပ်များ အပါအ၀င် နိစ္စဓူဝလုပ်ရိုးလုပ်စဉ် အတုံ့အလှည့်ကိစ္စများကိုပါ ကျမ်းမြတ်ကုရ်အာန်အတွင်းမှ တမန်တော်မြတ်ကြီး၏ စွန္နသ်ထုံးဓလေ့တို့မှ ထုတ်နှုတ်ယူထားခြင်းဖြစ်သဖြင့် လူအတွေးအမြင်ဖြင့် ကြံဆထားရာ မဟုတ်ပေ။
ဖန်ဆင်းရှင်
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို သက်ဝင်ယုံကြည်ခြင်းဖြစ်ပါသည်။ အစ္စလာမ်သည် တစ်ဆူတည်းအရှင် အယူအဆပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားခြင်းဖြစ်ပါသည်။ စကြ၀ဠာအနန္တသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုဖြစ်သည်။ မွတ်စလင်မ်များသည် မမြင်ရသည့်အရာကို ဘာကြောင့် ကိုးကွယ်နေကြသလဲလို့ပြောကြသည်။ ဤလောကကြီးတွင် မမြင်ရသည့်အမှန်တရားများရှိသလို မြင်ရသည့် အမှားများလည်းရှိပါသည်။ (ဥပမာ - တံလျှပ်၊ လေ၊ လျှပ်စစ်၊ မိုးကောင်းကင်အပြာရောင်) ကျွန်ုပ်တို့ ယုံကြည်ကိုးကွယ်သည့် အလ္လာဟ်အရှင်မြတ်သည် ရုပ်၊ နာမ်များနှင့် ဖွဲ့စည်းထားသည့် အရှင်မဟုတ်ပေ။ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုရှိလျှင် အရှင်မြတ်ကို မြင်ရမည်ဖြစ်သည်။ အရှင်မြတ်သည် မမြဲရာရုပ်တရား၊ နာမ်တရားမှ ကင်းလွတ်တော်မူသည့်အရှင်မြတ် ဖြစ်ပါသည်။
ဆွလာသ်
လူသားအား နေ့စဉ် တစ်နေ့လျှင်ငါးကြိမ် အလ္လာဟ်အရှင်မြတ်နှင့်ဆက်သွယ်မှုရရှိစေ၏။ အလ္လာဟ် အရှင်မြတ်ကို နာခံမှုအတွက် ရံခါမလပ်သတိပေးနှိုးဆော်ပေးနေမည်ဖြစ်သည်။ ဆွလာသ်ဝတ်ပြုခြင်းဖြင့် လူတစ်ဦးချင်း အတွက်သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အစ္စလာမ်သာသနာ၏ လမ်းစဉ်ကို ကျင့်သုံးရာတွင် အောင်မြင်မှုကို ရရှိစေသည်။
ဆွလာသ်သည် မွတ်စလင်မ်တစ်ဦးကို (၁) သူ၏ ရည်ရွယ်ချက်တရားကို အစဉ်သတိရရှိအောင် နှိုးဆော် ပေးသည်။ (၂) တာဝန်ကျေပွန်မှုကို ဖန်တီးပေးသည်။ (၃) ကိုယ်ကျင့်တရားကောင်းကို ပြုစုပေးသည်။ (၄) မိမိကိုယ်ကို စောင့်ထိန်းတတ်သောအကျင့်ကို မွေးမြူပေးသည်။ (၅) ဆွလာသ်သည် မွတ်စလင်မ်အဖွဲ့အစည်း ၀င်များကို သွေးစည်းညီညွတ်မှုကိုပေးရုံမက တစ်ဦး၏ဒုက္ခကို တစ်ဦးက မျှဝေဖြေရှင်းခြင်းကို ဖြစ်စေသည်။
ဆွီယာမ်
ဆွီယာမ်ဥပုသ်သီလသည် တစ်နှစ်လျှင် တစ်လတာလုံးလုံး မွတ်စလင်မ်တစ်ဦးချင်းရော၊ အသိုင်းအ၀ိုင်း တစ်ရပ်လုံးပါ ဆင်းရဲချမ်းသာမရွေး တတ်နိုင်သူအားလုံး အတ္တကိုချုပ်တည်းပြီး အာရုံခံစားမှုအ၀၀ကို မြိုသိပ်စေခြင်းဖြင့် အခက်အခဲအကျဉ်းအကြပ်အတွင်းမှ အလ္လာဟ်အရှင်၏ နှစ်မြို့မှုကို ရှာကြံခြင်းဖြစ်သည်။
ဇကားသ်
ဇကားသ်သည် မွတ်စလင်မ်အချင်းချင်း ညီရင်းအစ်ကိုစိတ်ထားပြီး ကရုဏာမေတ္တာတရားအပြည့်နှင့် ငွေကြေးအရ စွန့်လှူခြင်းဖြစ်သည်။ လူအများသည် ဇကားသ်ကို အခွန်အတုပ်တစ်မျိုးအသွင် လွဲမှားစွာ မြင်နေကြသည်။ ဇကားသ်မှာ အခွန်နှင့်လုံးဝခြားနား၏။ ဇကားသ်၏အဓိပ္ပါယ်မှာ ‘မြင့်မြတ်ခြင်းနှင့် သန့်စင်ခြင်း’ ဖြစ်သည်။ ဤဝေါဟာရကို အသုံးပြုခြင်းဖြင့် အစ္စလာမ်က လူသားသည် အလ္လာဟ်အရှင်မြတ်အပေါ် အမှန်တကယ်ချစ်ခင်မှုကိုပြသသည့်သဘောဖြင့် ငွေကြေးအရ မိမိ၏ညီနောင်သားချင်းများကို ရိုင်းပင်းကူညီခြင်းဖြင့် မိမိ၏စိတ်ဝိညာဉ်ကို တိုးတက်မြင့်မားသန့်စင်သွားစေရန်ဖြစ်ပေသည်။
ဟာဂ်ျ်
ဟာဂ်ျပြုခြင်းဆိုသည်မှာ ‘ဗဟိုချက်ခြာမြို့မက္ကာတွင် ရာစုနှစ်ပေါင်းများစွာကတည်းက သစ္စာတရားကို ဖိတ်ခေါ်ခဲ့ရာ ဗဟိုမဏ္ဍိုင်ဗိမာန်တော်ကြီးတါင် ဆုံစည်းခြင်း’ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကို ၀တ်ပြုခြင်းဖြင့် ကမ္ဘာ့ညီရင်းအစ်ကိုစိတ်ဓါတ်ကို ပျိုးထောင်ပေးခြင်းဖြစ်သည်။ တဒင်္ဂဆုံစည်းစေခြင်းဖြင့် ဖိတ်ခေါ်မှုကြီးကို စဉ်ဆက်မပြတ် ထာဝရ တည်တံ့စေရန်ဖြစ်သည်။
ဂျိဟာဒ်
ဂျိဟာဒ်ဟူသည် အလ္လာဟ်၏လမ်းတော်တွင် ကြိုးပမ်းဆောင်ရွက်ခြင်းကိုခေါ်ပါသည်။ ကျေးဇူးတော်အရှင် အလ္လာဟ်အရှင်မြတ်က မိမိအား ထောက်ပံ့ပေးသနားထားသော ကာယ၊ ဉာဏ၊ ဓနစွမ်းရည် ပိုင်ဆိုင်မှုအားလုံးဖြင့် အမှန်တရားအတွက် ကြိုးပမ်းနေခြင်းကို ဆိုလိုပါသည်။ လိုအပ်ပါက မိမိအသက်ကိုပင် စွန့်လှူရန်သွန်သင်ချက်ပင်ဖြစ်ပါသည်။ ဂျိဟာဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်ကို အဆုံးစွန်သောအတိုင်း အတာအထိဖြန့်ဖြူးပေးခြင်းနှင့် အစ္စလာမ့်လမ်းစဉ်တွင် အဟန့်အတားအနှောင့်အယှက်များကို နှုတ်လျှာအားဖြင့် လည်းကောင်း၊ ကလောင်အားဖြင့်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့် ဖြန့်ဖြူးဖယ်ရှားမှုအားလုံး အကျုံးဝင်သည်။ အသက်ရှင်နေရသည်မှာ အလ္လာဟ်အရှင်မြတ်အတွက်၊ ထို့ကြောင့် သေရသည်မှာလည်း အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ရမည်။
ဤစိတ်ဓါတ်မျိုးကို ပျိုးထောင်ပေးရာ၌ အစ္စလာမ်က ဘ၀ကို ကျောခိုင်းထားရန် မဆိုထားပေ။ အစ္စလာမ်သည် ဘ၀ကိုမပယ်။ ဘ၀ကို အသိအမှတ်ပြု၏။ လူ့ဘ၀အတွင်း ကျင်လည်နေရင်းက မိမိ၏ကိုယ်ကျင့် တရား သီလသမာဓိနှင့် စာရိတ္တမဏ္ဍိုင်တို့ကို အမြင့်ဆုံးပျိုးထောင်သွားရန် အစ္စလာမ်က ဆိုထားပါသည်။ ဤသည်ပင် အစ္စလာမ်၏အဓိကထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။ ယနေ့ မျက်မှောက်ကာလတွင် ဂျိဟာဒ်ကို ဘာသာရေးစစ်ပွဲအဖြစ် မှားယွင်းစွာထင်မှတ်(သုံးစွဲ)နေကြသည်။
အစ္စလာမ့်တရားဥပဒေ
အစ္စလာမ့် တရားဥပဒေတွင် အရင်းအမြစ်လေးရပ်ကို အောက်ပါအတိုင်း သတ်မှတ်ခဲ့ကြသည်။ (၁) ကုရ်အာန်ကျမ်းတော်မြတ် (၂) စွန္နာခေါ် တမန်တော်မြတ်၏ ထုံးဓလေ့၊ (၃) အစ်ဂျမာခေါ် ဥပဒေပညာရှင်များ၏ ညီညွတ်သော သဘောတူညီချက် (၄) ကိယာစ်ခေါ် ပုံစံတူ ကောက်ယူဆင်ခြင်ခြင်းတို့ဖြစ်သည်။ စွန္နာဖြစ်စေ၊ အစ်ဂျမာဖြစ်စေ၊ ကိယာစ်ဖြစ်စေ ကုရ်အာန်နှင့်ဆန့်ကျင်ကွဲလွဲပါက လက်ခံရန်မလိုအပ်ပေ။
အစ္စလာမ့်နိုင်ငံတကာဥပဒေ၏အနှစ်ချုပ်မှာ ‘ကမ္ဘာ့အရေးတွင် မွတ်စလင်မ်နှင့် မွတ်စလင်မ်မဟုတ်သူတို့ အခွင့်အရေးလည်းကောင်း၊ တာဝန်အရလည်းကောင်း မည်သည့်ဘက်တွင်မှ ခြားနားခြင်း၊ ကွာဟခြင်း မရှိစေရ’ ဟု ဖြစ်သည်။
အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားမှုများနှင့် ရှင်းလင်းချက်များ
မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် အစ္စလာမ်အပေါ် အထင်အမြင်လွဲမှားနေသော အဓိက အကြောင်းအရာများမှာ ၀တ်စားဆင်ယင်မှု၊ ကုရ်ဘာနီပြုမှုနှင့် အကြမ်းဖက်ဝါဒီများဟု ထင်မှတ်နေကြမှုများ ဖြစ်သည်။ ဤသို့ အထင်အမြင်လွဲမှားမှုများ ပိုမို၍ဖြစ်ပေါ်လာရခြင်းမှာ မီဒီယာများ၏ ထိုးနှက်ချက်များလည်း အများအပြား ပါဝင်ပေသည်။
မီဒီယာများ၏ ထိုးနှက်ချက်
များစွာသောလူများသည် အနောက်တိုင်းမီဒီယာများနှင့် အရိယဆမာဂ်ျဝင်အချို့၏ မဟုတ်မမှန် ရေးသားချက်များအပေါ် အခြေခံပြီး အစ္စလာမ်အပေါ်တလွဲမြင်နေ နားလည်နေကြသည်။
ယခုအခါ မီဒီယားများက အစ္စလာမ်၏ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာအမြင်များကို ပြောဆိုလာနေကြသည်။ အစ္စလာမ်ဟူသော ဝေါဟာရကို သုံးစွဲလာသူတိုင်းသည် စစ်အကြောင်းကိုလည်း အပြောများလာခဲ့ကြသည်။ ဤနှစ်ခုအကြား ဆက်စပ်မှုကလည်း သူ့အလိုလိုပင် ဖွံ့ဖြိုးတိုးတက်လာနေပေသည်။ အထူးသဖြင့် နိုင်ငံရေးသမားများ၊ စာနယ်ဇင်းများနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကလည်း အစ္စလာမ်ကို ကြောက်စရာအဖြစ် ထင်ဟပ်သွားအောင် `ဘာသာရေးစစ်’(Holy War) ဆိုပြီး မီဒီယာကဏ္ဍကိုသုံး၍ ဖြည့်စွက်ပြီး ဝေဖန်လာခဲ့ကြပါသည်။
အစ္စလာမ်နှင့်ပတ်သက်ပြီး သတင်းမှားများ ပျံ့နှံ့လျက်ရှိသည်။ ဤသတင်းမှားအချက်အလက်များသည် ကျောင်းသုံးစာအုပ်များနှင့် မီဒီယာများတွင် စီးဝင်လျက်ရှိရာ ကမ္ဘာတစ်လွှားရှိ လူငယ်မျိုးဆက်သစ်များအကြားတွင် စွဲငြိကြီးစိုးနေလေသည်။ ယင်းတို့မှာ မွတ်စလင်မ်တို့အပေါ် ဆိုးကျိုးများကိုသာ အဘက်ဘက်မှ နည်းမျိုးစုံနှင့် ခံစားစေလျက်ရှိနေလေသည်။ ယင်းအချက်အလက်များသည် ကျောင်းသုံးစာအုပ်များ၊ ၀တ္ထုနှင့် ၀တ္ထုမဟုတ်သောစာစုများ၊ ရည်ညွှန်းစာအုပ်များ၊ စွယ်စုံကျမ်းများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများတွင်ပါ လွှမ်းမိုးချင်တိုင်း လွှမ်းမိုးနေပေသည်။
တီဗွီ၊ ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အစ္စလာမ်သာသနာဝင် မွတ်စလင်မ်တို့၏ ပုံရိပ်များဟု ထင်ဟပ်စေသော ပြကွက်များပြသွားခဲ့ပြီး မွတ်စလင်မ်များသည် အစွန်းရောက်သူများ၊ အကြမ်းဖက်သူများ၊ အခြေခံဝါဒီများ စသည်ဖြင့် မလိုတမာပုံရိပ်များကို ဖော်ထုတ်ပြသလျက်ရှိပေသည်။ မီဒီယာလုပ်ငန်းကို လုပ်ကိုင် နေသူတို့သည် အစ္စလာမ်နှင့်ပတ်သက်၍ ဗဟုသုတနည်းပါးကြပြီး သာသနာကို အထင်အမြင်သေးကာ အစ္စလာမ်ကို ဆန့်ကျင်သည့် အစီအမံများကို အားပေးစေကြောင်း တွေ့နေရပါသည်။
ကုရ်ဗါနီ
ကုရ်ဗါနီသည် တုနှိုင်းမဲ့ကျေးဇူးတော်ရှင်၏သစ္စာတော်ကို စောင့်သိရိုသေခြင်းနှင့် အမှန်တရားအတွက် စွန့်လှူခြင်းသာလျှင်ဖြစ်သည်။ ကုရ်ဗါနီဟူသောစကားသည် အရဗီဝေါဟာရ ကုရ်ဗါန်မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။ ကုရ်ဗါနီသည် အနီးသို့ချဉ်းကပ်ခြင်း၊ နီးကပ်စေသောအရာဟူ၍ အဓိပ္ပါယ်ရသည်။ အလ္လာဟ် အရှင်မြတ်ထံသို့ နီးကပ်စေခြင်းပြုသည့်အရာဟူသော အဓိပ္ပါယ်ဖြင့် သုံးစွဲထားပါသည်။ သားကောင် တစ်ကောင်ကိုဖြစ်စေ၊ အလှူဒါနတစ်ခုခုကိုဖြစ်စေ၊ ကောင်းမှုတစ်ခုကိုဖြစ်စေ စွန့်လှူမှုကို ရည်ညွှန်းပါသည်။
ကုရ်ဗါနီကျင့်စဉ်သည် တစ်ပါးတည်းသောအလ္လာဟ်ကို နာခံဘ၀တည်ဆောက်မှုလမ်းစဉ်၌ အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်ပေသည်။ သောင်ဟီးမ်(အလ္လာဟ်တစ်ပါးတည်း ပြီးပြည့်စုံစွာရှိခြင်း)တရားကို စောင့်ထိန်းရန်အတွက် အလ္လာဟ်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ တသ၍ သတ္တ၀ါကို လှီးဖြတ်ခွင့်မပြုချေ။
သားကောင်ကို ဇဗဟ်လှီးဖြတ်ခြင်း(သို့မဟုတ်)ကုရ်ဗါနီကျင့်စဉ်သည် အမျက်ဒေါသဖြစ်နေသော နတ်ဆိုးကြီးကို အမျက်ပြေရန်ယဇ်ပူဇော်ခြင်းမဟုတ်။ မိမိ၏အပြစ်များပပျောက်အောင် ဆေးကြောမှု ပြုလုပ်နေခြင်းလည်းမဟုတ်၊ ကျေးဇူးတော်ရှင် အလ္လာဟ်အသျှင်မြတ်အတွက် စွန့်လှူရန် အမြဲအသင့်ရှိကြောင်း အတွင်းနှလုံးသားမှ ခံယူချက်ကို ပြင်ပသင်္ကေတအဖြစ် ပြသခြင်းသာဖြစ်သည်။
တိရိစ္ဆာန်တို့ကို လူသားအတွက် လက်အောက်ခံစားသုံးရာအဖြစ် အလ္လာဟ်ကသတ်မှတ်ပေးထားပေရာ တိရိစ္ဆာန်သည် လူကိုနာခံသကဲ့သို့ လူသားကလည်း မိမိ၏အရှင်သခင် အလ္လာဟ်အရျှင်မြတ်ကို နာခံရန် အသင့် ရှိရပေမည်။ စားသုံးခွင့်ရှိသော တိရိစ္ဆာန်ကိုပင် ပိုင်ရှင်အစစ်အမှန်ဖြစ်သော ကျေးဇူးတော်ရှင် အလ္လာဟ် အရှင်မြတ်၏နာမတော် ခွင့်ပြုချက် တသလှီးဖြတ်ပြီးမှ စားသုံးခြင်းမှာ သစ္စာတရားကို စောင့်ထိန်းခြင်းသာ ဖြစ်သည်။ ထို့ကြောင့် သားကောင်ကို ကုရ်ဗါနီပြုခြင်းမှာ နာခံခြင်း၏ ပြင်ပသင်္ကေတသာဖြစ်ပြီး အမှန်တကယ် စွန့်လှူရမည်မှာ မိမိ၏စိတ်နှလုံးသားနှင့် ယင်းမှ ရှိုင်ဿွာန်(အဖျက်မိစ္ဆာ)အင်အားစုများ၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် တရားများပင်ဖြစ်ပေသည်။
ဒါကြောင့် အလ္လာဟ်အရျှင်မြတ်က ကုရ်ဗါနီအနှစ်သာရနှင့်ပတ်သက်၍ . . . . .
“ထိုသတ္တ၀ါတို့၏ အသားတို့သည်လည်းကောင်း၊ အသွေးတို့သည်လည်းကောင်း အလ္လာဟ်ထံသို့ မည်သည့်အခါမျှမရောက်ချေ။ သို့သော် သင်တို့ထံမှ (သက္က၀ါ)အလ္လာဟ်သိစိတ်ဖြင့် တာဝန်ကျေခြင်းသာလျှင် ထိုအရှင်မြတ်ထံသို့ ရောက်ရှိပေသည်။ ဤနည်းအတိုင်းပင် ထိုအသျှင်မြတ်သည် ယင်း(သားကောင်)တို့ကို အသင်တို့အကျိုးငှာ လက်အောက်ခံဖြစ်စေတော်မူခဲ့သည်။ အသင်တို့ကို အလ္လာဟ်လမ်းညွှန်ခဲ့သည့်အတိုင်း အလ္လာဟ်သည် အကြီးကျယ်ဆုံးဖြစ်ကြောင်း သင်တို့ကြွေးကြော်ကြစေရန်အလို့ငှာဖြစ်သည်။ ကောင်းကျိုးပြုသူ တို့အား ၀မ်းမြောက်ဖွယ် သတင်းကောင်းကိုပေးလော့။” (ကုရ်အာန် ၂၂း၃၇)
အစ္စလာမ်သာသနာက သွေးကိုမစားသောက်ရန် တားမြစ်ပါသည်။ သွေးသည် ရောဂါပိုးများ ကိန်းဝပ်ရာဖြစ်၍လည်းကောင်း၊ သားရဲတိရစ္ဆာန်များစားသုံးခြင်းဖြင့်လည်းကောင်း၊ ထိုကဲ့သို့ ရက်စက် ကြမ်းကြုတ်မှုဖြစ်မည်ကြောင့်လည်းကောင်း တိရစ္ဆာန်ခန္ဓာကိုယ်မှသွေးများကိုထုတ်ပစ်ရန် အရေးကြီးပါသည်။
- တိရစ္ဆာန်တို့၏သွေးများကို ကုန်စင်အောင်ထွက်စေသောနေရာမှာ ၎င်းတို့၏လည်ပင်းမှ သွေးကြောများးဖြစ်ပါသည်။ လည်ကိုလှီးလိုက်လျှင် ခန္ဓာကိုယ်တွင်းမှသွေးများ တစ်ခဏချင်းနှင့် ကုန်စင်အောင်ထွက်သွား၍ ခဏချင်းအသက်ထွက်သွားပါသည်။
- တိရစ္ဆာန်ကို လည်လှီးရာတွင် သွေးကြောများကို အမြန်ဆုံးပြတ်စေရန် ထက်မြက်သောဓားဖြင့်လှီးရန် စည်းကမ်းသတ်မှတ်ချက်ရှိပါသည်။ တိရစ္ဆာန်ကို ကြာရှည် မခံစားရစေရန်လည်း ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
- ဇဗဟ်လုပ်သူ(လှီးဖြတ်သူ)သည် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ရမည်။ သို့တည်းမဟုတ် ဖန်ဆင်းရှင် ကျေးဇူးရှင်အလ္လာဟ် အသျှင်မြတ်ကို သက်ဝင်ယုံကြည်သူ တစ်ဦးဖြစ်ရမည်။ အလ္လာဟ်အရျှင်မြတ်ကို ယုံသော်လည်း အလ္လာဟ်နှင့် တစ်စုံတစ်ရာကို တန်းတူထား ကိုးကွယ်သူ၊ တသသူတစ်ဦးပြုလုပ်ပါကမပိုင်ချေ။ မူးယစ်နေသူ၊ ရူးသွပ်နေသူ၊ အရွယ်မရောက်သေး၍ ဆင်ခြင်တုံတရားမသုံးတတ်သေးသူ မဖြစ်ရပါ။ အသိတရားနှင့်ယှဉ်၍ ပြုလုပ်နိုင်သူဖြစ်ရမည်။
- ကုရ်ဗါနီပြုလုပ်သူများသည် (၁) မိမိကိုယ်မိမိ မာနနှိမ့်ချသူဖြစ်ရမည်။ (၂) အလ္လာဟ်နှင့်ပတ်သက်၍ ကြားသိတိုင်း စိတ်နှလုံးသည် လှုပ်ရှားငံ့လင့်နေကြရမည်။ (၃) အခက်အခဲများကြုံတွေ့လျှင်လည်း ကြံ့ခိုင်ခြင်း တရား(ဆွဗရ်)ရှိရမည်။ (၄) ဆွလာသ်ဝတ်ပြုမှုကို စွဲမြဲစွာ တည်ဆောက်ရမည်။ (၅) အလ္လာဟ်က မိမိအား ထောက်ပံ့ပေးထားသောအရာများမှ လှူဒါန်းကြရမည်။
ဝတ်စားဆင်ယင်မှု
အစ္စလာမ်သာသနာသည် ကမ္ဘာပေါ်ရှိနိုင်ငံများတွင် လူမျိုးတစ်မျိုးတည်းက ယုံကြည်ကိုးကွယ်သော သာသနာမဟုတ်ပါ။ အစ္စလာမ်သာသနာကိုးကွယ်သောလူမျိုးတို့သည် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ ယဉ်ကျေးမှုနှင့် ဆိုင်သော ၀တ်စားဆင်ယင်မှုများဖြင့် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ကိုးကွယ်နေကြသည်။
ဝတ်စားဆင်မှု၏ အဓိကရည်ရွယ်ချက်မှာ လူတို့၏ အရှက်ကာအိနြေ္ဒကို ထိန်းသိမ်းဖုံးအုပ် လုံခြုံစွာရှိစေရန်နှင့် ရာသီဥတု၏ အပူအအေးဒဏ်အသွယ်သွယ်ကို ကာကွယ်ရန်ဖြစ်ကြောင်းကို အလ္လာဟ် အရှင်မြတ်၏ ‘၀ဟီ’ဗျာဒိတ်တရားဒေသနာတော်များကို လေ့လာသုံးသပ်စဉ်းစားဝေဖန်ခြင်းဖြင့် သိရှိရပေသည်။
လူသားတို့၏ ကိုယ်ခန္ဒာနှင့် ကာအိနြေ္ဒကို လုံခြုံမှုရှိစေရန်နှင့် ရာသီဥတု၏ အပူအအေးဒဏ်ကို ကာကွယ်ရန် ၀တ်စားတန်ဆာများသည် အစ္စလာမ်သာသနာတော်၏ တရားစည်းကမ်းသတ်မှတ်ပြဋ္ဌာန်းချက်များ နှင့် မဆန့်ကျင်သော မိမိနေထိုင်ရာဒေသပတ်ဝန်းကျင်လူသားများ၏အမြင်တွင် ယဉ်ကျေးလေးစားမှုရှိစေမည့် ကြည့်ကောင်း ရှုကောင်းစေရန် လှပတင့်တယ်စွာဝတ်စားဆင်ယင်ကြရပေမည်။
အစ္စလာမ်သာသနာဝင်တို့သည် ၀တ်စားဆင်ယင်မှုတွင် သန့်ရှင်းစင်ကြယ်စေရမည်၊ လှပတင့်တယ်စွာ ၀တ်ဆင်ကြရမည်။ အနေအထိုင်၊ အပေါင်းအသင်း၊ ဆက်ဆံပြောဆိုမှုများတွင် ကြွားဝါခြင်းနှင့် ဖြုန်းတီးခြင်း၊ စည်းကမ်းမဲ့ခြင်းများကို အစ္စလာမ်သာသနာ၏ တရားစည်းကမ်းစည်းမျဉ်းဥပဒေများက လုံးဝပိတ်ပင်ထားရှိခဲ့ ပေသည်။
တရုတ်ပြည်ရှိ အစ္စလာမ်သာသနာဝင်တို့သည် တရုတ်လူမျိုးရေးဆိုင်ရာယဉ်ကျေးမှုနှင့်အညီ ၀တ်စား ဆင်ယင်ကြသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့ရှိ မွတ်စလင်မ်များသည် အင်္ကျီရှည်(ကုရ်သာရ်)များ၊ ရှေရ်ဝါနီနှင့် ကမီဇ်အင်္ကျီတို့ကို ၀တ်ဆင်ကြသည်။ မလေးရှားနိုင်ငံရှိ မလေးမွတ်စလင်မ်များသည်လည်း မလေး ယဉ်ကျေးမှုနှင့်အညီ ၀တ်ဆင်ကြသည်။
မြန်မာနိုင်ငံသို့ အစ္စလာမ်သာသနာသည် အာရဗ်နိုင်ငံ၊ ပါရှန်းနိုင်ငံများမှ ရှေးဦးစွာရောက်ရှိခဲ့ကြောင်း တွေ့ရသော်လည်း မြန်မာနိုင်ငံ၏ အနောက်ဘက်တွင်ကပ်လျက်ရှိသော အိန္ဒိယမှ ကျင့်စဉ်များနှင့် ယဉ်ကျေးမှုများ အများအပြားဝင်ရောက်ခဲ့ကြောင်းကိုတွေ့ရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာတွင် အိန္ဒိယ ယဉ်ကျေးမှု၊ အတွေးအခေါ်များ၊ အချို့ထုံးတမ်းဓလေ့များ၊ အသုံးအနှုန်းများနှင့် မကြာခဏ ရောထွေးယှက်တင် ဖြစ်နေသည်ကို တွေ့ရလေသည်။
ယနေ့ကမ္ဘာ့နိုင်ငံအသီးသီး၌ နေထိုင်လျက်ရှိကြသော လူသားမျိုးနွယ်ဝင် လူမျိုးအသီးသီးတို့သည် ကာအိနြေ္ဒအရှက်ကို ကာကွယ်ဖုံးအုပ်ရန်နှင့် ရာသီဥတု၏ အပူဒဏ်၊ အအေးဒဏ်ကိုခံနိုင်ရန်အတွက် အချိန်အခါ၊ အခြေအနေ၊ ဒေသအလိုက် မိမိတို့ အမျိုးသားယဉ်ကျေးမှုအရ ပုံစံအမျိုးမျိုးဖြင့် ၀တ်စားဆင်ယင် ထုံးဖွဲ့နေထိုင်လျက်ရှိကြသည်။ အလ္လာဟ်အရှင်မြတ်သည်လည်း လူသားထုတစ်ရပ်လုံးအတွက် လိုအပ်သော ၀တ်ဆင်အသုံးပြုနိုင်ရန် ဖန်ဆင်း၊ ဖန်တီး၊ စီမံထားပြီးဖြစ်သည်။ ကုရ်အာန်ကျမ်းတော်မြတ်၌ ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်သည် မည်သည့်ပုံစံဖြင့် ၀တ်ဆင်ရမည်ဟု ဘောင်ခတ် သတ်မှတ်ပြဋ္ဌာန်းထားခြင်း လုံးဝမရှိပေ။
‘အို … အာဒမ်၏ သားသမီးအပေါင်းတို့ ငါ(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့၏ အရှက်ကို ဖုံးအုပ် ကာကွယ်သည့် အ၀တ်အထည်ကိုလည်းကောင်း၊ (အသင်တို့) လှပတင့်တယ်စွာ ၀တ်ဆင်ကြရန် ၀တ်စားတန်ဖာ ကိုလည်းကောင်း စီမံဖန်ဆင်းထားတော်မူခဲ့၏။ သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိသြတ္တပ္ပတရား တည်းဟူသော ၀တ်စားတန်ဆာသည်ကား (အမြင့်မြတ်ဆုံး) အကောင်းဆုံးဖြစ်ပေသည်။ ဤသည်ကား ထိုသူတို့ လေ့လာမှတ်သားစဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများပင်ဖြစ်ပေသည်။’ (ကုရ်အာန် ၇း၂၆)
အထက်ပါ ကုရ်အာန်ကျမ်းတော်မြတ်၏ ဗျာဒိတ်တော်တွင် ၀တ်စားတန်ဆာများကို အလ္လာဟ်အရှင် စီမံဖန်ဆင်းထားခြင်း၏ အဓိကရည်ရွယ်ချက်ကို ဖော်ထုတ်မိန့်ကြားတော်မူခဲ့၏။ လူသားတို့၏ အရှက်အစိတ်အပိုင်းများနှင့် ရာသီဥတု၏ အပူဒဏ်၊ အအေးဒဏ်ကို ဖုံးအပ်ကာကွယ်ရန် အဓိကဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ စုဝေးနေထိုင်ရာနိုင်ငံဖြစ်ရာ အစ္စလာမ်သာသနာကိုးကွယ်မှု သည် မြန်မာတိုင်းရင်းသားလူမျိုးစုတစ်စုတည်းက ကိုးကွယ်သည်မဟုတ်ပဲ တိုင်းရင်းသားလူမျိုးစုများ (ရခိုင်၊ မွန်၊ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ဗမာ၊ …) ထဲမှ ကိုးကွယ်သူများလည်းရှိနေကြသည်။ မြန်မာတိုင်းရင်းသား အစ္စလာမ် သာသနာဝင်တို့သည်လည်း ဘုရင့်နေပြည်တော်တွင်နေထိုင်ကြသော အဆက်အနွယ်များဖြစ်ကြသဖြင့် မြန်မာ့ယဉ်ကျေးမှုများအတိုင်းသာ ၀တ်စားဆင်ယင်ခဲ့ကြသည်။ အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်ကြသော တိုင်းရင်းသားများသည် သက်ဆိုင်ရာလူမျိုးများ၏ ၀တ်စားဆင်ယင်မှုအတိုင်း ၀တ်ဆင်ကြသည်။ အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သည့်အတွက် ၀တ်စားဆင်ယင်မှုမှာ တစ်မျိုးတည်းမဖြစ်၊ တစ်မျိုးတည်း ဖြစ်ရမည်ဟုလည်း အစ္စလာမ်ကမဆိုပေ။ မိမိတို့လူမျိုးရေးဆိုင်ရာ ၀တ်စားဆင်ယင်မှုနှင့်ပင် အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်နေနိုင်ကြသည်။
မွတ်စလင်မ် ဂုဏ်သိက္ခာရှိရန်နှင့် လှပတင့်တယ်မှုရှိရန် ၀တ်စားဆင်ယင်မှုပုံစံသည်ကား အစ္စလာမ်သာသနာ၏ တရားစည်းရမ်းဥပဒေနှင့်မဆန့်ကျင်သော မိမိတိုင်းပြည်၊ မိမိလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ၀တ်စုံတို့သည်သာ အသင့်တော်ဆုံး၊ အကောင်းဆုံး ၀တ်စားတင်ယင်ခြင်းဖြစ်ပေသည်။ ဤသို့ဝတ်စားဆင်ယင်မှု ပြုခြင်းကို အစ္စလာမ်သာသနာတော်က မပိတ်ပင် မတားမြစ် ခွင့်ပြုထားသည်။
အစ္စလာမ်သည် အကြမ်းဖက်သာသနာမဟုတ်
အစ္စလာမ်သာသနာသည် မိမိနှင့် ထိတွေ့လာသမျှသော ယဉ်ကျေးမှုများကို ထိခိုက်နစ်နာအောင်ပြုလေ့ မရှိပဲ ပိုမိုကောင်းမွန်တိုးတက်ရာတိုးတက်ကြောင်းကို မည်သို့ဖန်တီးပေးခဲ့ကြောင်းကို ကမ္ဘာ့လူသားတို့သည် မသိရှိကြသည်မဟုတ်ပါ။ သို့သော် ယနေ့ခေတ်ကမ္ဘာတွင် အစ္စလာမ်သည် ကမ္ဘာနှင့်အ၀န်းတွင် အထင်မြင် အစောင်းခံရဆုံး ဖြစ်နေသည်။ ယေဘူယျအားဖြင့် အစ္စလာမ်ကို ခေတ်တုံးနေသောအယူတစ်ရပ်အဖြစ် ထောက်ပြကြပါသည်။ အစ္စလာမ်သာသနာဝင်များသည် လွန်ခဲ့သော နှစ်ပေါင်း(၁၄၀၀)ကျော်က ပွင့်ပေါ်ခဲ့သော တမန်တော်မုဟမ္မဒ်ကို အမြဲတစေကိုးကားပြီး ခေတ်နောက်ပြန်ဆွဲကာ ပြောဆိုနေကြသည်ဟု စွပ်စွဲကြသည်။
ယခု မျက်မှောက်ကာလတွင်ပင် အစ္စလာမ်သာသနာဝင်များသည် အကြမ်းဖက်ဝါဒီများဖြစ်နေသည်ဟု စွပ်စွဲခံရသည်။ အကြမ်းဖက်မှုမှန်သမျှကို အစ္စလာမ်သာသနာဝင်များအပေါ် အပြစ်ပုံချနေသည်။ ၁၉၉၀-ပြည့်နှစ်မှ ၁၉၉၄-ခုနှစ်အထိ (၅)နှစ်တာအတွင်း အကြမ်းဖက်မှု (၂၈)မှုတွင် နိုင်ငံတကာအပိုင်းက (၂)ခုသာရှိ၏။ ကျန်အကြမ်းဖက်မှုများကား အမေရိကန်ဒေသခံအုပ်စုများနှင့် လူပုဂ္ဂိုလ်များက ပြုလုပ်ခြင်းသာဖြစ်သည်ဟု (FBI) အစီရင်ခံစာက ဆိုထားသည်။ ဤကိန်းဂဏာန်းများကိုကြည့်ပါက အဖြေမပေါ်သည့် အကြမ်းဖက်မှုမှန်သမျှကို အစ္စလာမ်သာသနာဝင်များအား အပြစ်ပုံချ၍ မရနိုင်တော့ပါ။
အကြမ်းဖက်လုပ်ရပ်များသည် ဘာသာတရားနှင့် မပတ်သက်ပါ။ တလွဲတချော်သွန်သင်ချက်များကို ၀ါဒဖြန့်သိမ်းသွင်းနေသည့် ပုန်းလျှိုးကွယ်လျှိုး မသမာသူတွေရှိနေပါသည်။ ဤမသမာသူများသည် အစ္စလာမ်ကို အလွဲလွဲအချော်ချော် အထအနကောက်ခဲ့ကြသည်။ ယုံကြည်ချက်ဟူသည် မိမိတို့ထဲမှ မွတ်စလင်မ်ကိုဖြစ်စေ၊ မွတ်စလင်မ်မဟုတ်သူကိုဖြစ်စေ လိုက်လံသတ်ဖြတ်နေခြင်း၊ သွေးစွန်းစေခြင်း၊ အကြမ်းဖက်ခြင်းနှင့် အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်းများမဟုတ်ပါ။ ကုရ်အာန်ကျမ်းတော်မြတ်တွင် ‘အကြောင်းမဲ့ အသက်တစ်ချောင်းသတ်ခြင်း သည်ပင်လျှင် ရှိရှိသမျှအသက်ကို သတ်ခြင်းနှင့်တူ၏။ အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ရှိရှိသမျှ အသက်ကို ကယ်တင်ခြင်းနှင့်တူ၏’ ဟု ပါရှိလေသည်။ တမန်တော်မြတ်(ဆွ)သခင်ကလည်း ‘ကမ္ဘာ့အရှေ့ခြမ်းက လူသတ်မှုဖြစ်တယ်ဆိုရင် ကမ္ဘာ့အနောက်ခြမ်းမှလူက ၀မ်းမြောက်ဝမ်းသာဖြစ်တယ်ဆိုရင် ထိုသူသည် သတ်သူနဲ့ ကြံရာပါပဲဖြစ်တယ်’ဟု မိန့်ခြွေထားပါသည်။
အစ္စလာမ့်လမ်းညွှန်ဆုံးမမှုများနှင့်သွေဖည်သွားသော လူတစ်စု၏လုပ်ရပ်ကို အခြားသော အစ္စလာမ် သာသနာဝင်လူများစုက ထောက်ခံအားပေးမှုမပြုခဲ့ပေ။ လွဲမှားသော ဂျိဟာဒ်ဆင်နွှဲရန် မေတ္တာရပ်ခံချက်ကို ကမ္ဘာပေါ်ရှိ အစ္စလာမ်သာသနာဝင် အများစုနှင့် သာသနာ့ပညာရှင်များက ပယ်ချလိုက်သည်။ အမေရိကန် အစ္စလာမ့်ဆက်ဆံရေးကောင်စီ(ကနေဒါရုံး) (AIR နှင့် ကနေဒါနိုင်ငံဆိုင်ရာ မွတ်စလင်မ်ပြည်သူ့လွတ်လပ်မှုအဖွဲ့ တို့က ထုတ်ပြန်သည့်ကြေညာချက်တွင် ‘အစ္စလာမ်သာသနာသည် လူ့အသက်အား အလေးအမြတ်ထာသည်။ ထို့ကြောင့် အပြစ်မဲ့သူများအား အန္တရာယ်ကျရောက်စေမည့်ကိစ္စမှန်သမျှကို လက်မခံနိုင်ပါ။ အပြစ်မဲ့သူများအား အန္တရာယ်ပြုရန် ဘာသာရေးစစ်ကို ခုတုံးလုပ်ခြင်းသည် အစ္စလာမ်၏ သဘောသဘာဝနှင့် ဖီလာဆန့်ကျင်နေသည်’ဟု ပါရှိပါသည်။
ဤကြေညာချက်ကို အစ္စလာမ်သာသနာ့ ပညာရှင်များက ထောက်ခံခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အစ္စလာမ်ဘာသာရေးခေါင်းဆောင်ကြီးများကလည်း အကြမ်းဖက်မှုဆန့်ကျင်သည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသည်။
အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကရှိ အစ္စလာမ်သာသနာ့ပညာရှင် (၆)ဦးမှလည်း ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် ''အကြမ်းဖက် လုပ်ရပ်သည် အစ္စလာမ်သာသနာဥပဒေအရ လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်သောပြစ်မှု ဖြစ်သည်''ဟုဖော်ပြပါရှိလေသည်။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင်နိုင်ငံ (၅၆)နိုင်ငံပါဝင်သည့် အစ္စလာမ်အဖွဲ့ကြီး၏ အရေးပေါ်အစည်းအဝေးကလည်း 'ဤကဲ့သို့သော အကြမ်းဖက်မှုများသည် ဘာသာအားလုံး၏ အဆုံးအမများနှင့် လူ့တန်ဖိုး၊ စာရိတ္တပိုင်းဆိုင်ရာတန်ဖိုး အားလုံးကို ဆန့်ကျင်နေသည်'ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်ခဲ့သော မွတ်စလင်နိုင်ငံ (၅၆)နိုင်ငံပါဝင်သည့် အစ္စလာမ်အဖွဲ့ကြီး၏ အရေးပေါ်အစည်းအဝေးကလည်း 'ဤကဲ့သို့သော အကြမ်းဖက်မှုများသည် ဘာသာအားလုံး၏ အဆုံးအမများနှင့် လူ့တန်ဖိုး၊ စာရိတ္တပိုင်းဆိုင်ရာတန်ဖိုး အားလုံးကို ဆန့်ကျင်နေသည်'ဟု တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါသည်။
အစ္စလာမ်သည် မျက်ကန်းစစ်ဆန့်ကျင်ရေးဝါဒနှင့် မျက်ကန်းငြိမ်းချမ်းရေးဝါဒကို ညွှန်ပြမထားပါ။ အကြမ်းဖက်ဝါဒ စွန့်လွှတ်လာရေးအတွက် ဖြေရှင်းရန်တာဝန်ရှိကြောင်းကို ပြဆိုထားပါသည်။ အစ္စလာမ်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ကြိုးပမ်းမှုအဖြစ် ဂျိဟာဒ်ဆင်နွှဲရာ၏။ မိမိတို့ကစပြီး တိုက်ခိုက်ခြင်းအား တားမြစ်ထားပြီး မိမိကိုယ်ကိုကာကွယ်ရန်အရေးကိုမူ အစ္စလာမ်ကခွင့်ပြုထားပြီး ရနိုင်သမျှနည်းလမ်းစုံကို အသုံးပြုကာ ငြိမ်းချမ်းရေးကိုရယူရန်လည်း ပြဆိုထားပါသည်။
အစ္စလာမ့်ဘဝတည်ဆောက်မှုသည် ကမ္ဘာ့လူသားအားလုံး၏ စွမ်းရည်များကို အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်စေသည်။ ယနေ့ကမ္ဘာ၏ ပကတိအခြေအနေတို့ကို သိရှိစေရန် ကမ္ဘာ့ကုလသမ္မဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့၊ မြောက်အတ္တလန္တိတ် စာချုပ်နိုင်ငံများ အစရှိသည့် ကမ္ဘာ့အဖွဲ့အစည်း အသီးသီး၏ လူသားချင်းစာနာမှုနှင့် ပတ်သက်၍ အကောင်အထည်ဖော်လုပ်ဆောင်ချက်များသည်လည်း အစ္စလာမ်သာသနာ၏ ကျမ်းတော်မြတ်ကုရ်အာန်၏ လမ်းညွှန်မှု၊ တမန်တော်မြတ်(ဆွ)ကိုယ်တိုင် စံပြလက်တွေ့ ဖော်ဆောင်လိုက်နာခဲ့မှုများနှင့် ထပ်တူထပ်မျှ ညီနေပေသည်။
ယနေ့ကမ္ဘာတွင် တရားမျှတမှုကို အဓိကထားဆောင်ရွက်နေပေသည်။ အစ္စလာမ်သာသနာတွင် တရားမျှတခြင်းနှင့်ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန် (၅း၈)တွင် 'မှတ်သားသတိပြုကြကုန်လော့၊ အုပ်စုတစ်စုအား ရန်သူဖြစ်နေသည့်အတွက်ကြောင့် အသင်တို့ မတရားဆုံးဖြတ်ခြင်း မပြုကြကုန်လင့်။ တရားသဖြင့် အစဉ်ဆုံးဖြတ်ကြကုန်လော့။ ဤသို့တရားမျှတစွာ ဆုံးဖြတ်ခြင်းသည်သာ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မှု အတိုင်းဖြစ်သည်' ဟု အတိအလင်းဖော်ပြပါရှိလေသည်။
ယနေ့ကမ္ဘာ့လူသားတို့လုပ်ဆောင်နေကြသည့် ဘဝတည်ဆောက်မှုစနစ်များသည် ကျမ်းတော်မြတ် ကုရ်အာန်တွင် အတိအလင်းပါရှိခဲ့ပြီးဖြစ်သည်။ ဥပမာ - မွေးကင်းစ ကလေးငယ်များမိခင်နို့တိုက်ကျွေးရန် အရေးပါပုံ၊ ကမ္ဘာ့လူသားအားလုံးသည် အိမ်ထောင်စုကြီးဖြစ်သည်ဟူသောအဆိုပြုချက်၊ ယဉ်ကျေးမှု၊ စားဝတ်နေမှု၊ လွတ်လပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေရေးရာ၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ယောကျာ်းနှင့် မိန်းမတန်းတူဖြစ်သည်ဟူသောအဆိုပြုချက်၊ ဝိဇ္ဇာသိပ္ပံပညာရပ်များ၊ ကလေး သူငယ်များ စောင့်ရှောက်မှု၊ မိဘနှင့် သားသမီးဆက်ဆံရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး စသည်တို့ဖြစ်သည်။ မွေးကင်းစကလေးငယ်များမိခင်နို့တိုက်ကျွေးရန်အရေးပါကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် (၂၈း၇) တွင် အတိအလင်း ပရှိလေသည်။ ကမ္ဘာ့လူသားအားလုံးသည် အိမ်ထောင်စု ကြီးဖြစ်သည်ဟူသော သုတေသီများ၏ အဆိုပြုချက်မှာလည်း ကျမ်းတော်မြတ်ကုရန်အာန် (၂း၂၁၃)နှင့် (၁၇း၇၀)တို့တွင် လည်းကောင်း ဖော်ပြပါရှိလေသည်။
ဤကဲ့သို့သော အစ္စလာမ့်အဆုံးအမလမ်းညွှန်မှုများကို သိကြရသောအခါ ကမ္ဘာ့လူသားထုထဲမှ အများအပြါးသော လူတို့သည် အစ္စလာမ်သာသနာနှင့် အစ္စလာမ်သာသနာဝင်များအပေါ်တွင် ထင်မြင် လွဲမှားမှုများ လျော့ပါးသွားကြသည်။ လူမျိုးတစ်မျိုးတည်းကကိုးကွယ်နေရာ၊ ယုံကြည်နေရာ၊ သဘောတရား တစ်ခုလိုလို အစ္စလာမ်ကိုတလွဲမြင်၊ တလွဲထင် ခေါ်ဆိုနေကြခြင်းလျော့ပါးသွားလေသည်။ ဤကဲ့သို့သော အခြေအနေအချိန်အခါမျိုးတွင် အစ္စလာမ်သာသနာသည် သည်းခံခြင်းတရား လက်ကိုင်ထားကာ ငြိမ်းချမ်းရေးသာသနာ အမှန်ပင်ဖြစ်ကြောင်းကို လက်တွေ့ဖော်ဆောင်ပြရမည်ပင် ဖြစ်သည်။
တမန်တော်မြတ်ကြီး(ဆွ)က 'မွတ်စ်လင်မ်ဟူသည် မိမိ၏နှုတ်လျှာနှင့်လက်များသည် လူသားအားလုံး အတွက် လုံခြုံမှုရှိသူဖြစ်သည်။ မိမိအိမ်နီးချင်းများအား စိတ်မချမ်းသာအောင်ပြုလုပ်သောသူသည် မွတ်စ်လင်မ် မဟုတ်'ဟု မိန့်ဆိုထားသည်။
မာတင်လူသာကင်းဂျုနီယာကလည်း အမုန်းတရားကို အမုန်းဖြင့် ပပျောက်အောင် မလုပ်နိုင်၊ ချစ်ခြင်း မေတ္တာဖြင့်သာ ချေဖျက်နိုင်ပေသည်ဟု ပြောဆိုခဲ့သည်။ ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချေက ပြေါဆိုခဲ့ဖူး သည်မှာ 'အယူသည်းသူ ဆိုသည်မှာ သူ၏စိတ်ကို မပြောင်းလဲနိုင်သလို၊ အကြောင်းအရာကိုလည်း ပြောင်းလဲ မည့်သူမဟုတ်ပေ'ဟု ဆိုခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံမျိုးချစ်ပုဂ္ဂိုလ်ကြီး မဟတ္တမဂန္ဒီကလည်း 'သည်းမခံတတ်ခြင်း သည် မိမိ၏ အရေးကိစ္စနှင့် ယုံကြည်မှု မခိုင်မာသေးကြောင်းကိုဖော်ပြသည်'ဟု ဆိုခဲ့သည်။ ပြင်သစ်ကဗျာဆရာ နှင့် ဝတ္တုရေးဆရာ ဗစ်တာဟူဂိုးကမူ 'သည်းခံတတ်ခြင်းသည် အကောင်းဆုံးသော ဘာသာတရားပင်ဖြစ် သည်'ဟု အဆိုအမိန့်ရှိခဲ့လေသည်။
အောက်စဖို့ဒ်တက္ကသိုလ် အစ္စလာမ်မစ်စင်တာဖွင့်ပွဲ၌ ချားလ်စ် မင်းသားက 'အစ္စလာမ်ရဲ့နှလုံးသားမှာက စကြဝဠာကြီးတစ်ရပ်လုံးကို ပြည့်ပြည့်ဝ၀ကြီးရှု့မြင်မှုကို စောင့်ထိန်းထားပါတယ်။ လူနှင့် သဘာဝကို ကတ္တားခြါးမထားပါဘူး။ သိပ္ပံနှင့် ဘာသာတရားကို တစ်သီးတစ်ခြါးဖယ်ကြဉ်မထားပါဘူး။ ရုပ်နဲ့နာမ်ကို တစ်ပိုင်းစီခွဲမထားပါဘူး။ နာမ်တရားကို အလေးထားသလို လောကီရဲ့ မြင့်မြတ်ရာရာများကိုလည်း စုစည်း ညီညွတ်စွာနဲ့ ခံယူသဘောပေါက်ထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကြီးနှင့် ပတ်သက်ပြီး ကျုပ်တို့အပေါ်မှာ တင်ရှိနေတဲ့ တာဝန်ပိုင်းနဲ့ လောကကြီးကို အုပ်စိုးထိန်းကွပ် အကျိုးဆောင် သွားပေးရမယ့် ဦးစီးဦးရွက်အဖြစ် ကိုပါ ရှင်းရှင်းလင်းလင်းကြီး သဘောပေါက်သိမြင် နားလည်ထားစေပါတယ်'ဟု သူ၏အမြင်ကို ပြောကြားသွားလေသည်။
အဆိုပါပုဂ္ဂိုလ်ကြီးများ၏ စကားများသည် အစ္စလာမ်အဆုံးအမများနှင့် တစ်ထပ်တည်းရှိနေသည်။ ထို့ကြောင့် အစ္စလာမ်သာသနာသည် မည်ကဲ့သို့သော သာသနာ ဖြစ်ကြောင်းကို ကမ္ဘာ့လူသားတို့နားလည် သဘောပေါက်လက်ခံ နိုင်ကြမည်ဖြစ်လေသည်။
အခန်း(၂)
ဒအ်ဝဟ်လုပ်ငန်းစဉ်
ဒအ်ဝဟ်နှင့် မွတ်စလင်မ်
အစ္စလာမ်သည် လောကီနှင့်တမလွန် နှစ်ဘဝလုံးအတွက် ပြီးပြည့်စုံသော ဘဝတည်ဆောက်မှု လမ်းစဉ်ဖြစ်ပေသည်။ သို့ရှိရာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်သူ၊ နာခံလိုက်နာသူသည် မိမိကိုယ်ကိုမိမိ မွတ်စလင်မ်ဖြစ်သည်ဟု ကြွေးကြော်နိုင်ရန် လူတို့အား သာယာချိုအေး ကြည်လင် အေးမြသော စကားများဖြင့် အလ္လာဟ်အရှင့်ဘက်တော်သို့ ဖိတ်ခေါ်ကြရမည်။ ဖိတ်ခေါ်သည်နှင့်အညီ လိုက်နာကျင့်သုံး ကြရမည်။ သို့မှသာ နာခံသူပီသသော မွတ်စလင်မ်များဖြစ်နိုင်ကြ မည်။ ယနေ့အခြေအနေတွင် မွတ်စလင်မ် လောကကြီးသည် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်ပေးသနားမှုကြောင့် အလွန် ကြီးမားသော အင်အားစုအဖြစ် ကမ္ဘာကြီးကိုအကျိုးပြုသည်။
'ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်၏ အမိန့်တော်များကို လည်းကောင်း လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် အချင်းချင်း အငြင်းမပွားကြကုန်လင့်။ သို့(အငြင်း)ပွားခဲ့ကြလျှင် အသင် တို့သည် စိတ်ဓါတ်လည်းကျဆုံးကြလေမည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ကြံ့ကြံ့ခိုင်သူ တို့နှင့်အတူရှိတော်မူလေသည်။' (ကုရ်အာန် ၈း၄၆)
အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်တို့၏ အမိန့်တော်များကို နာခံသူများဖြစ်ခဲ့ကြပါလျှင် မုစ်လင်မ် တို့၏အင်အားသည် အတိုင်းအဆမရှိ ကြီးမားနေပေမည်။ အစ္စလာမ့်အဖွဲ့အစည်း၏ တည်တံ့မှုသည် အေးချမ်းသာယာစွာ ရှင်သန်လှုပ်ရှားနိုင်ရန်အတွက် အချင်းချင်းသဘောထားကွဲလွဲမှုများမှ ကင်းနေရပေမည်။ ထိုအစုအဝေးအတွင်း၌ ဖြစ်ပေါ်လာသည့် အခြေအနေစုစည်းမှုများကို စည်းလုံးညီညွတ်ခြင်းဟုခေါ်ဆိုပေသည်။ ယင်းစည်းလုံးညီညွတ်မှုသည် ကြီးမားသည့် အင်အားတစ်ရပ်ပင်ဖြစ်သည်။ ဤစည်းလုံးညီညွတ်မှု အတွက် မည်သည့်ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများကိုမှ ပေးဆပ်ရန်မလိုသော်လည်း လူတိုင်းလူတိုင်း နာမ်ပိုင်းဆိုင်ရာ စွန့်လွှတ်မှုတစ်ခုကိုတော့ပေးဆပ်ရလေသည်။ အဖွဲ့အစည်းတစ်ခုအတွင်း၌ တစ်ဦးချင်းကိုယ်ပိုင် အလိုဆန္ဒကို စည်းလုံးညီညွတ်မှုအတွက် ပေးဆပ်မှသာလျှင် ထိုအဖွဲ့အစည်းသည် စည်းလုံးညီညွတ်မှု ရရှိပေမည်။ လူ့အစုအဝေးတစ်ခု တိုးတက်ရန်အတွက် ထိုအစုအဝေးအတွင်း အတွေးအခေါ်မြင့်မားမှု၊ ပညာအရည်အချင်းတိုးတက်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှု၊ မိမိဘဝအတွက်ကြိုးစားအား ထုတ်လိုသော ဆန္ဒများရှိရန်လိုအပ်ပေသည်။
အတိတ်သမိုင်းက အစ္စလာမ်သာသနာဝင်များ ရွှေထီးဆောင်းခဲ့ရပုံတို့ကိုပြေါ၍ဂုဏ်ယူနေရုံမျှနှင့် မပြီးချေ။ ထိုကဲ့သို့ အခွင့်အရေးများ ဆက်လက်တိုးတက်ရေးအတွက် ဆောင်ရွက်ကြရပေမည်။ အတိတ်သမိုင်း အဖြစ်ဆိုးကို သင်ခန်းစာယူကာ နောင်အနာဂတ်တွင် ဤသို့ဆုံးရှုံးမှုများမရှိစေရန် မည်သို့ကာကွယ်မည်၊ မည်သို့ ထိန်းသိမ်းမည်၊ မည်သို့ပြုပြင်ပြေါင်းလဲရမည်ကိုမူ အားထုတ် ကြိုးစားကြရမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကျမ်းတော်မြတ်ကုရ်အာန် (၁၃း၁၁)တွင် 'လူမျိုးတစ်မျိုးသည် မိမိတို့ကိုယ်တိုင် မိမိတို့၏ အခြေအနေကို ပြုပြင် ပြောင်းလဲခြင်းမပြုသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်သည် ထိုလူမျိုးအား ပြုပြင်ပြောင်းလဲပေးတော်မူမည် မဟုတ်ချေ။'ဟုပါရှိလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပထမဦးဆုံး အတွေးအခေါ်ကိုပြောင်းရန်လိုအပ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ချက်သည် အစ္စလာမ်အပေါ်တွင် အခြေခံ၍ ခိုင်ခံ့စွာရပ်တည်ပြီး နေရာတိုင်းတွင် အလ္လာဟ် အရှင်မြတ်ကို သစ္စာခံယူဖို့အရေးကြီးသည်။
ထို့ပြင် ကျွန်ုပ်တို့မွတ်စလင်မ်များအနေနှင့် တမန်တော်မြတ်(ဆွ)သခင်ကို နာခံလိုက်နာမှုပြုရပါမည်။ ကုရ်အာန်က ကိုယ်တော်မြတ်အား နာခံလိုက်ရန်ကို အတိအလင်းပညတ်ထားသည်။ တမန်တော်မြတ်(ဆွ) သခင်သည် အမြင့်မားဆုံးသော စံနမူနာရှင်နှင့် အကောင်းဆုံးသော စာရိတ္တရှင်ဖြစ်ပါသည်။ ကုရ်အာန်ကို အကောင်းဆုံး ဋီကာဖွင့်ဆိုရှင်၊ လက်တွေ့သရုပ်ဖော်ပြရှင်လည်းဖြစ်ပါသည်။ ဥပဒေကို သတ်မှတ်စီရင်ပိုင်ခွင့် အာဏာကို ရရှိထားသူလည်းဖြစ်ပေသည်။
'ငါအရှင်မြတ်သည် အသင့်ထံသို့လည်း ကျမ်းဂန်ဓမ္မက္ခာန်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။ ဤသို့ ချပေးတော်မူခြင်းမှာ အသင်သည် လူသားတို့အား ထိုသူတို့ထံ ချပေးသနား တော်မူခြင်းခံရသည်များကို ထင်ရှား ပြသအံ့သောငှာလည်းကောင်း ထိုသူတို့သည် စဉ်းစား ဆင်ခြင်ကြအံ့သောငှာလည်းကောင်း၊ ထိုသူတို့သည် စဉ်းစားဆင်ခြင်ကြအံ့သောငှာလည်းကောင်း ဖြစ်ပေသည်။' (ကုရ်အာန် ၁၆း၄၄၊ ၇း၁၅၇၊ ၄း၆၄)
မွတ်စလင်မ်တစ်ဦးအတွက် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)မှာ အရေးအကြီးဆုံးသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။ ကိုယ်တော်၏သွန်သင်ချက်များသည်လည်း ကမ္ဘာ့ပြဿနာရပ်များ၏ အဖြေတစ်ရပ်ပင်ဖြစ်ပါသည်။ တမန်သခင်၏ ဩဝါဒတော်များကလည်း မွတ်စလင်မ်တစ်ဦးချင်း၏ဘဝတာဝယ် ထင်ဟပ်လျက်ရှိနေပါသည်။ ဘဝတာအတွင်း များမြောင်လှသောအရေးကိစ္စများအတွက် တမန်တော်သခင်၏ ဩဝါဒတော်များကို ရည်ညွှန်းစံထားလက်ကိုင် ပြုသင့်သည်သာဖြစ်ပါသည်။
ထို့ကြောင့် မွတ်စလင်မ်တစ်ဦးသည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွ)သခင်၏ ဟဒီးဆ် ဩဝါဒတော်များနှင့် ဖိကဟ်ကိုနာခံလျက် ဘဝဆောက်တည်မှသာလျှင် အောင်မြင်သူတစ်ဦး ဖြစ်ပေမည်။
'အလ္လာဟ်အရှင်မြတ်သည် ဆင်ခြင်တုံတရားထက်ပိုပြီးကောင်းမွန်ရာဟူ၍ ဘာကိုမျှဖန်ဆင်း ခဲ့ခြင်း မရှိပြီ။' 'မည်သည့်မွတ်စလင်မ်ကိုမဆို သေးသိမ်သည်ဟု မထင်မှတ်ကြလင့်၊ သိမ်ငယ်သော မုစ်လင်မ်သည် ပင်လျှင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်ဝယ် ကြီးကဲသူ ဖြစ်နိုင်ခြင်းကြောင့် တည်း'ဟု တမန်တော်မြတ်က(ဆွ) သခင်က မိန့်ြွေခထားခဲ့ရာ အရာရာတွင် ဆင်ခြင်တုံတရားထားပြီး အပြန်အလှန်လေးစားမှုရှိသင့်ပေသည်။
အစ္စလာမ်သာသနာဝင်တစ်ဦး၏အတွက် (၁) အီမာန် (၂) ဆွလာသ်၊ (၃) ဆွီယာမ်၊ (၄) ဇကားသ်၊ (၅) ဟဂ်ျ စသော မဏ္ဍိုင်ကြီးငါးရပ်အပေါ်တွင် အခြေခံရမည်သာဖြစ်သည်။
အစ္စလာမ်အကြောင်းကို အများပြည်သူတို့၏ရှေ့မှောက်တွင်တင်ပြနေသူတို့သည် အခြါးဘာသာ များကိုထိပါးခြင်းလုံးဝမရှိစေပဲ ယဉ်ကျေးသိမ်မွေ့စွာ မိမိဘာသာကို အခြားသူများ၊ အခြားသာသနာဝင်များ နားလည်ရန်၊ ဘာသာတစ်ခုနှင့်တစ်ခု ချစ်ကြည်ရင်းနှီးမှုရှိစေရန် တစ်ဘာသာနှင့်တစ်ဘာသာ အပြန်အလှန် ထောက်ထားစာနာ လေးစားမှုရှိကြစေရန် စေတနာအပြည့်ဖြင့် တင်ပြသင့်ကြပေသည်။
'လူတို့နှင့်ဆက်သွယ်ဆက်ဆံရာတွင် ယဉ်ကျေးသောအသုံးအနှုန်းဖြင့်ဆက်ဆံကြပါ။' (ကုရ်အာန် ၂း၈၃)
အစ္စလာမ်သာသနာဝင်တစ်ဦးသည် ငြိမ်းချမ်းရေးဗိသုကာ (ကုရ်အာန် ၄း၉၄)၊ အဓိပ္ပာယ်ရှိသောသူ (ကုရ်အာန် ၂၃း၃)၊ ဇကားသ်ပေးသည့်သူ (ကုရ်အာန် ၂၃း၎)၊ သိက္ခာရှိသောသူ၊ အရှက်ရှိသောသူ (ကုရ်အာန် ၂၃း၅)၊ ယုံကြည်စိတ်ချထိုက်သည့်သူ၊ တည်ကြည်သည့်သူ၊ (ကုရ်အာန် ၂၃း၈)၊ ဆွလာသ်ကျင့်စဉ်ကို စောင့်ထိန်းသူများ(ကုရ်အာန် ၂၃း၉) အဖြစ် မုအ်မင်ပီသအောင်ကြိုးစားနေထိုင်သင့်လှပေသည်။ အစ္စလာမ် သာသနာတွင် အာလင်မ်ဟူသော ဝေါဟာရသည် ဘာသာရေးသီးသန့်ကိုသာအသုံးပြုခြင်း မဟုတ်ပါ။ ဘာသာရေးနှင့် လောကီရေးကို တဖြေးဖြေးခွဲခြားပြီး သီးခြားအခြေအနေသို့ရောက်အောင်မပြုသင့်ပေ။ ထို့ပြင် ဘာသာရေးတွင်လည်း အယူသည်း'အစွန်းရောက်မှု'ကို ရှောင်ကြဉ်သင့်ပေသည်။
တမန်တော်မြတ်(ဆွ)ကြီးကလည်း ‘အသင်တို့အယူမသည်းကြနှင့်၊ အယူသည်းမှုကြောင့် ရှေးက လူအစုအဝေးတို့ ပျက်စီးကြရသည်’ဟု မိန့်ဆိုထားသည်။
အယူသည်းမှုမှာ ကျွန်ုပ်တို့သာသနာဖွံ့ဖြိုးမှုနှင့် ကျင့်သုံးမှုတို့တွင် အလွန်ကြောက်မတ်ဖွယ်ကောင်း လှသော အဖျက်အဆီး၊ အဟန့်အတားနှင့် အန္တရာယ်ဆိုးကြီးဖြစ်ပေသည်။ အယူသည်းမှုဖြစ်အောင် ဖန်တီး သူတို့တွင် သဘောရိုးနှင့် မိမိတို့ယုံကြည်ချက်အတိုင်း ဆောင်ရွက်သူများလည်းပါသည်။ 'ဘာသာမျိုးခြား စာစကား သင်ကြားသင့်သည်မှတ်' ဆိုသည့်စကားအတိုင်း မည်သည့်ဘာသာခြားစကားကိုမဆို သင်ကြား တတ်မြောက်ရန်လိုအပ်ပါသည်။ အားပေးရန်လိုသည်။ 'အင်းန္နမာလ် မုအ်မေ့နူန အစ်ခဝတွန်'ဟုလာရှိသည့် အတိုင်း မွတ်စလင်မ်မှန်လျှင် ညီရင်းအစ်ကိုဖြစ်ကြသည်။ ဘင်္ဂါလီဖြစ်စေ၊ ပန်ချာဗီဖြစ်စေ၊ ကျူလီယာဖြစ်စေ၊ စူရတီဖြစ်စေ၊ ဟိန္ဒူစတာနီဖြစ်စေ၊ ပါကစ္စတန်ဖြစ်စေ၊ အင်ဒိုနီးရှားဖြစ်စေ၊ တရုတ်ဖြစ်စေ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသမှဖြစ်စေ မွတ်စလင်မ်ဖြစ်ပါက ကျွန်ုပ်တို့၏ညီနောင်များသာဖြစ်သည်။ မွတ်စလင်မ်ညီနောင်တို့၏ စာပေဘာသာတို့မှာ မိမိတို့လူမျိုးနှင့် တိုင်းပြည်အလိုက်ပေါ်ထွန်းခဲ့သည်ကို ကျွန်ုပ်တို့ဂရုဓမ္မပြုရပေမည်။ အလားတူပင် အမိမြန်မာနိုင်ငံ၏ တိုင်းရင်းသားအစ္စလာမ်သာသနာဝင်များဖြစ်သော ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ စာပေနှင့် စကားကိုလည်း ဂရုပြုရပေမည်။ သာသနာဖွံ့ဖြိုးမှုတစ်ခုတည်းကိုသာ ရှေ့ရှုသူမှန်လျှင် မြန်မာစကားနှင့် မြန်မာစာပေ တို့ကိုအသုံးပြု၍ သာသနာရေးကို ဆောင်ရွက်ရန်အားပေးကူညီမှု ပြုကြသည်သာမက မိမိတို့၏ အယူသည်းမှုများကို ဖယ်ရှားကာ မိမိတို့ကိုယ်တိုင် မြန်မာစာနှင့် မြန်မာစကားကို တတ်ကျွမ်းအောင်ကြိုးပမ်း ကြရမည်ဖြစ်သည်။ အစ္စလာမ့်မူကို တစ်စမကျန်သိရှိနားလည်အောင် ဆည်းပူးထားရ မည်။ ထို့နောက် မိမိအပေါ်တင်ရှိနေသည့် တာဝန်များအားလုံးကို ကျေပွန်သည်နှင့်အမျှ တာဝန်သိသိ သစ္စာရှိရှိ ဆောင်ရွက်သွားရမည်။ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်များအပေါ် တာဝန်ရှိသည်မှာ အစ္စလာမ် သာသနာ၏ သတင်းကောင်းကို မိမိတို့နှင့်အတူနေ အတူစား နိုင်ငံသားများထံသို့ လက်ဆင့်ကမ်း ပို့ပေးရန်ပင် ဖြစ်သည်။ ဤသောကအား လူတိုင်းပိုက်ထွေးလာအောင် အစဉ်ကြိုးပမ်းနေရပါမည်။ ဤဖိတ်ခေါ်မှု လုပ်ငန်းသည် အဖွဲ့အစည်းတစ်ခုခု၊ အုပ်စုတစ်ခုခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟူသည့် အထူးပြုသူတို့၏ သီးသန့်လုပ်ငန်း တာဝန်မဟုတ်ပါ။ မွတ်စလင်မ်တိုင်း၏တာဝန်ဖြစ်ပါသည်။ ကမ္ဘာကြီး၏မည်သည့်အစိတ်အပိုင်း မှာနေထိုင်သူ ဖြစ်ပါစေ တာဝန်ရှိပါသည်။ ဤထူးမြတ်လှသော ဖိတ်ခေါ်မှုလုပ်ငန်းကို အကောင်အထည်ဖော်နေသူ မွတ်စလင်မ်များသည် မိမိကိုယ်တိုင်စစ်မှန်သည့် မွတ်စလင်မ်၊ တည်ကြည်ပြီး လက်တွေ့ကျသည့် မွတ်စလင်မ်အဖြစ် အကျိုးသက်ရောက်အောင်ဆောင်ရွက်နိုင်ရန်လိုအပ်သည်။ အစ္စလာမ့်လူနေမှုစနစ်ကို တင်ပြနိုင်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းမှာ မိမိကိုယ်တိုင် အစ္စလာမ်အပေါ် လက်တွေကျင့်သုံးပြခြင်းပင် ဖြစ်ပေသည်။
'ဆန်းသစ်သောဥာဏ်ပညာနည်းလမ်းနှင့် ကောင်းမြတ်သောစကားများဖြင့် အသင်တို့အား ဖန်ဆင်း မွေးမြူ ပြုစုပျိုးထောင်သောအရှင်၏လမ်းစဉ်ဘက်သို့ဖိတ်ခေါ်ပါလေ။ သူတို့နှင့်ဆွေးနွေးရာတွင်လည်း အလွန် လှပ သောနည်းလမ်းဖြစ်ပါစေ'ဟု ကျမ်းတော်မြတ်ကုရ်အာန် (၁၆း၁၂၅)တွင်ပါရှိလေသည်။ ထို့ကြောင့် ဒအ်ဝဟ် ဖိတ်ခေါ်ရာတွင် အသိပညာ ဉာဏ်အလိမ္မာကိုစေစား၍ ချိုသာအေးမြသော စကားလုံးများနှင့် ဖိတ်ခေါ်ရမည်။
'ထို့ပြင် သူ့ကို နူးညံ့ပျော့ပျောင်းစွာပြောဆိုကြ၊ သို့မှသာ သူ့အနေနှင့် အလ္လာဟ်ကို ကြောက်ရွံ့ ပြီး အသိတရား ဝင်လာမည်။' (ကုရ်အာန် ၂၀း၄၄)
'အကျင့်သီလကောင်းမြတ်သူဟူသည်ကား မိမိ၏ဒေါသကို ချုပ်ထိန်းပြီး လူအများကို ခွင့်လွှတ် ချမ်းသာ ပေးတတ်သူများ ဖြစ်ကြသည်။ အလ္လာဟ်အရှင်သည် ကောင်းရာပြုသူများကို ချစ်မြတ်နိုးတော်မူသည်။' (ကုရ်အာန် ၃း၁၃၄)
အများမွတ်စလင်မ်တို့အား ဟောပြောပွဲ၊ ဆွေးနွေးပွဲများဖြင့် သာသနာရေးရာအသိပညာများကို တိုးပွားစေပြီး သာသနာ့အတွေးအခေါ်မြင့်မားစေရေးအတွက် စာပေဟောပြောပွဲများ၊ အသံသွင်းဖြန့်ချီသည့် အစီအစဉ်များ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ညှိနှိုင်းပွဲများ၊ သင်တန်းများတွင် မိမိကိုယ်တိုင် ပါဝင်သင့်သည်။ သို့မှသာ ဒအ်ဝဟ်လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူချောမွေ့ပေလိမ့်မည်။
အစ္စလာမ်ကို နားမလည်သဘောမပေါက်ကြသေးသူများထံ အစ္စလာမ်ကို နားလည် သဘောပေါက် လာအောင် တင်ပြဆွေးနွေးရန်၊ မွတ်စလင်မ်များကို စစ်မှန်ပီသသော မုစ်လင်မ်များအဖြစ် ဖန်တီးရန်နှင့် မွတ်စလင်မ်တစ်ဦးသည် မိမိ၏သာသနာဝင်အုပ်စုများအချင်းချင်းတို့တွင် သာသနာ၏တန်ဖိုးနှင့် သာသနာအပေါ် အလေးထားမှုများကို မည်သို့မည်ပုံ တည်တံ့ခိုင်မြဲရှင်သန်စွာထားနိုင်မည်ဟူသော အချက်များသည် တစ်ခုကို တစ်ခုမှ ဖယ်ရှား၍မရနိုင်ပါ။ သို့ဖြစ်၍ မွတ်စလင်မ်တစ်ဦးသည် အစ္စလာမ်သာသနာနှင့်ပတ်သက်၍ တင်ပြ ပို့ချရေးတာဝန်ကို မိမိကိုယ်တိုင်က တိကျမှန်ကန်သော မွတ်စလင်မ်တစ်ဦး အဖြစ် ပုံစံမပြသနိုင်သရွေ့ ယင်းတာဝန်ကိုထမ်းဆောင်ရန်မလွယ်ကူပါ။
ဒအ်ဝဟ်နှင့် မုစ်လင်မ်မဟုတ်သူများ
အစ္စလာမ်က ကမ္ဘာကြီးကိုရော လူသားထုတစ်ရပ်လုံးကိုပါ လူမှုစာရိတ္တပျိုးထောင်ရေးအတွက် ကြိုးပမ်းရာဝတ္ထုအဖြစ်သတ်မှတ်သည်။ လူတိုင်းသည် သစ္စာရှိမှု၊ တရားမျှတမှုနှင့် ညီရင်းအစ်ကိုဝါဒကို စွဲကိုင် ထားသည်။ အစ္စလာမ်က လူသည် ပင်ကိုယ်သဘာဝအရကိုက တစ်ကိုယ်ကောင်းဆန်သည်ဟူသော အချက်ကို ဆန့်ကျင်သည်။ လူ့အစုအဝေးတစ်ခု တိုးတက်သည်မတိုးတက်သည်ဆိုသည်မှာ ထိုလူ့အစုအဝေးအတွင်း၌ မူတည်သည်။
မိမိယုံကြည်ကိုးကွယ်သော ဘာသာတရားကို မိမိကိုယ်တိုင် ခိုင်မာစွာနားလည်ပြီး တစ်ပါးသူများ နားလည်သဘောပေါက်စေရန်လည်း ဂဃနဏရှင်းပြနိုင်ရပေမည်။ မိမိကိုယ်တိုင် ဘာသာတရားက ခွင့်ပြု သည်ကို ခွင့်မပြုသယောင်အယူသည်းခြင်း၊ ဘာသာတရားက အမှန်တကယ်တားမြစ်ထားသည်ကို ခွင့်ပြု သယောင် ပေါ့တန်စည်းကမ်းပျက်စွာ စားသောက်နေထိုင်ခြင်းမပြုဘဲ စည်းကမ်းရှိသောလူဖြစ်ရန်လိုသည်။ အချို့သောသူများသည် အစ္စလာမ့်ပညတ်ချက်များကို တင်းကြပ်လွန်းသည်ဟုထင်သူများရှိကြသည်။ အမှန်မှာ ဤသို့မဟုတ်ပေ။ အစ္စလာမ် သာသနာသည် အလွန်ပင်လွယ်ကူလှသော ဘဝတည်ဆောက်မှုလမ်းစဉ် သာသနာပင်ဖြစ်သည်။ 'သာသနာအတွင်း၌ အတင်းအဓမ္မ အနိုင်အထက်အလျဉ်းမပြုရ'ဟု ကျမ်းတော်မြတ် ကုရ်အာန် (၂း၂၅၆)တွင်ဖော်ပြထားသည်။ ထို့ပြင် ကျမ်းတော်မြတ်ကုရ်အာန် (၂း၁၈၅)တွင် 'အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဖို့ လွယ်ကူမှုကို လိုလားတော်မူသည်၊ အသင်တို့အဖို့ ခက်ခဲမှုကိုကား လိုလားတော် မမူချေ'ဟုပါရှိရာ အစ္စလာမ်၏ ပညတ်ချက်များသည် တင်းကြပ်မှု၊ ခက်ခဲမှုမရှိဘဲ လူတို့လိုက်နာနိုင်သော ကျင့်စဉ်များသာဖြစ်ပေသည်။ ဆွလာသ်၊ ဆွီယာမ်(ရိုဇာ)၊ ဇကားသ်၊ ဟဂ်ျတို့သည် လူသားကိုတိုးတက်အောင် လေ့ကျင့်ပေးသော တရားများသာဖြစ်သည်။ တမန်တော်မြတ်(ဆွ)သခင်သည် ကုရ်အာန်ကျမ်းတော်မြတ်၏ လမ်းညွှန်ချက်များအရ ဘဝတည်ဆောက်ခဲ့သူဖြစ်သဖြင့် တမန်တော်မြတ်၏ လူငယ်ဘဝမှ လူကြီးဘဝထိ ရုန်းကန်လှုပ်ရှားမှုအစုစုသည် မွတ်စလင်မ်တို့အဖို့ စံနမူနာယူစရာများပင်ဖြစ်ပေသည်။ ကုရ်အာန်ကျမ်းတော်မြတ် က တမန်တော်မြတ်အား နာခံလိုက်နာရန်ကို အတိအလင်းပညတ်ထားသည်။ ကိုယ်တော်သည် အမြင့်မားဆုံး သော စံနမူနာရှင်နှင့် အကောင်းဆုံးသော စာရိတ္တရှင်ဖြစ်ပါသည်။ ကုရ်အာန်ကို အကောင်းဆုံးဋီကာဖွင့်ဆိုရှင် နှင့် လက်တွေ့သရုပ်ဖော်ပြရှင်လည်းဖြစ်ပါသည်။
အစ္စလာမ်က လူမျိုးဒေသစွဲမရှိပါ။ ဘာသာ သာသနာကြီးများသွန်သင်ကြသော ကမ္ဘာ့ကျေးဇူးရှင် ကြီးများကို အသိအမှတ်ပြုသည်။ ယုံကြည်လေးစား သဒ္ဓါတရားထားရန်၊ မေတ္တာပို့ရန်သွန်သင်သည်။ လူမျိုးတိုင်းတွင် နဗီဟာဒီ ပွင့်ခဲ့ကြောင်း ယင်းလူ့အဖွဲ့အစည်းရှိ ကောင်းသည့်အချက်များတွေ့ရခြင်း ဖြင့်သိနိုင်သည်။ ကျမ်းတော်မြတ်ကုရ်အာန်တွင် ကောင်းသောသင်ပြချက်အားလုံးကို အလ္လာဟ်အရှင်မြတ်ထံမှ လာသည်ဟုဆိုသည်။ လူမျိုးတိုင်းမှ ကောင်းသောအချက် များသည် ဘိုးဘွားဘီဘင်တို့ထဲမှ တရားဓမ္မလမ်းညွှန် နဗီ၊ ရစူလ်၊ ဟာဒီ၊ ဝလီ တို့၏ သွန်သင်ချက်များဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်က ဘယ်လူမျိုးကိုမှ အထင်မသေးရပါ။ အားလုံးသော လူမျိုးများသည် နဗီ၊ ဟာဒီ တို့၏ လူမျိုးများဖြစ်ကြသည်။
အစ္စလာမ့်ရည်မှန်းချက်ပန်းတိုင်မှာ ကမ္ဘာပေါ်တွင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးက ဘာသာရေး ကိုင်းရှိုင်းပြီး ကိုယ်ကျင့်သီလကောင်းမွန်သည့် လူတော်လူကောင်းများထွန်းကားရာ လူ့ဘောင်ကြီးဖြစ်လာ ရန်ပင်။ ဤသည်မှာ ယဉ်ကျေးမှု၏အထွတ်အထိပ်၊ လူ့အဖွဲ့အစည်း၏ ကောင်းချီးမင်္ဂလာတရား ထွန်းကားရာ ဖြစ်ပေသည်။
ဘာသာရေးတွင် အတင်းအကြပ်မလုပ်ရဟု ပညတ်ထားပါသည်။ အတင်းအကြပ်ဆိုသည့်အထဲတွင် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သိစိတ်ကိုစေစား၍ဖြစ်စေ၊ မသိစိတ်ကိုစေစား၍ဖြစ်စေ၊ အနုနည်းနှင့် မြှူဆွယ်ချော့ယူ၍ဖြစ်စေ ရုပ်ဝတ္ထုလာဘ်လာဘပေး၍ဖြစ်စေ မည်သည့်နည်းနှင့်မျှ သာသနာအတွင်းသို့ သွတ်သွင်းခြင်းမပြုရပါ။ သာသနာကို ပြန့်ပွားအောင်၊ တိုးတက်အောင်၊ စည်ပင်အောင်လုပ်ဆောင်ရာတွင် လိမ္မာယဉ်ကျေးစွာဖြင့် နူးညံ့သိမ်မွေ့စွာဖြင့် လူသားများ၏ စိတ်မနောအာရုံကို လှပစွာဖြင့်တင်ပြပြီးသည့် အခါမှ ဘဝင်ကျလာရန် သာသနာအတွင်း ဖိတ်ခေါ်ရမည်။ ဖိတ်ခေါ်တင်ပြချက်များကို လက်ခံချင်သူ လက်ခံ၍၊ လက်မခံနိုင်သည့်သူ ငြင်းပယ်နိုင်ပေသည်။
အစ္စလာမ့်အတွေးအခေါ်အရ အပြုခံရခြင်းရှိလျှင် ထိုအရာကို ပြုသူရှိရမည်။ အရိုက်ခံရသူရှိလျှင် ရိုက်သူရှိရမည်။ အိမ်(အဆောက်အအုံ)ရှိလျှင် ဆောက်လုပ်သူရှိရမည်။ စားပွဲရှိလျှင် ထိုစားပွဲကိုပြုလုပ်သူရှိရမည်။ ဝယ်သူရှိလျှင် ရောင်းသူ ရှိရမည်။ မိုး၊ မြေ၊ နေ၊ လ၊ နက္ခတ်တာရာ အစရှိသော ကမ္ဘာလောကကြီးသည်လည်း အပြုခံဖြစ်၍ ပြုသူမုချရှိရမည်။ ထူးခြားဆန်းပြားသော ထိုကမ္ဘာလောကကြီးကို ပြုနိုင်သူသည် ပင် ထိုကမ္ဘာလောကကြီးကို ပိုင်ဆိုင်အုပ်စိုးသူဖြစ်ရမည်။ ကမ္ဘာလောကကြီးတွင်ရှိသော ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယောတည်းဟူသော မြေ၊ ရေ၊ လေ၊ မီး ဓါတ်ကြီးလေးပါးမရှိလျှင် သက်ရှိသတ္တဝါများပင် မရှိနိုင်။ ယင်းသို့အရေးကြီးသော ဓါတ်ကြီးလေးပါးလည်း အပြုခံဖြစ်ရာ ပြုသူရှိရမည်။ ကမ္ဘာလောကကြီးနှင့် ဓါတ်ကြီးလေးပါးသည် အပြုခံဖြစ်ရာ ပြုသူပိုင်ဆိုင်သူရှိရမည်။ အဆောက်အအုံတစ်ခုကိုဆောက်လုပ် ပြီးလျှင် အဆောက်အအုံပိုင်ရှင်သည် မိမိအဆောက်အအုံ ပြင်ဆင်မွမ်းမံရာတွင် သူ့နေရာနှင့်သူ ကြည့်ပျော်ရှုပျော် နေပျော်ဖြစ်စေရန်၊ တင့်တောင့်တင့်တယ်ဖြစ်စေရန် စီစဉ်နေရာချထားပေမည်။ ယင်းသို့ နေသားတကျဖြစ် စေရန် ပိုင်ရှင်ကထိန်းသိမ်းကြီးကြပ် စီမံပေးကြရသည်မှာ ဓမ္မတာဖြစ်သည်။ ထိုသို့အဆောက်အအုံတစ်ခုကို ဆောက်လုပ်ပြီး နေသားတကျဖြစ်အောင် စီမံနေရာချသောပိုင်ရှင်ရှိနေလျှင် ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာ လောကကြီး(ဓါတ်ကြီးလေးပါး) အပါအဝင်ကို ပြုသူ ပိုင်စိုးသူရှိရမည်သာမဟုတ်ပါလော။ ယင်းပြုသူ ပိုင်စိုးသူသည် အစ္စလာမ့်အတွေးအခေါ်အရ တစ်ဆူတည်းသောတန်ခိုးတော်ရှင် (အလ္လာဟ်)ပင်ဖြစ်သည်။ တစ်ဆူ တည်းသောအလ္လာဟ်အရှင်မြတ်ကိုယုံကြည်၍ တမန်တော်မုဟမ္မဒ်(ဆွ)သခင်အား အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးတမန်တော်အဖြစ် ယုံကြည်လက်ခံသူသည် အစ္စလာမ်ဘာသာဝင်ဖြစ်သည်။ အစ္စလာမ်ဘာသာ ယုံကြည်ကိုးကွယ်သူကို မွတ်စလင်မ်ဟုခေါ်သည်။ ထို့ကြောင့် မွတ်စလင်မ်သည် ဘာသာ၏အမည်မဟုတ်ဘဲ အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်သော မည်သူ့ကိုမဆိုခေါ်သောအမည်ဖြစ်သည်။
အစ္စလာမ်ဘာသာဝင်တို့၏ ကျမ်းတော်မြတ်ကုရ်အာန်သည် လူသားတစ်ရပ်လုံး၏ ယဉ်ကျေးမှု တိုးတက်ရေးအတွက် ကျရောက်လာသော လမ်းညွှန်ချက်တရားဖြစ်ပါသည်။ သို့ဖြစ်ရာ လူသားတို့တစ်ရပ်လုံး သိမြင်အပ်သော အလ္လာဟ် အရှင်မြတ်၏ မြင့်မြတ်မှုကိုဖော်ပြခြင်းဖြစ်သည်။ ဤသို့ဖော်ပြရာတွင် စောဒက များကို ထည့်သွင်းဖော်ပြခြင်း မရှိပါ။ အလ္လာဟ်အရှင်မြတ်၏ အစ်မဟ်နာမတော်များနှင့် ဆွီဖသ်ဂုဏ်တော်များကိုဖော်ပြရာတွင် ဖန်ဆင်းမှု နှင့်စပ်လျဉ်း၍ မျက်စိဖြင့်မြင်တွေ့လာအောင် ဥပမာများဖြင့် ဖော်ပြထားသည်။ ပထဝီမြေကြီးနှင့် ဂြိုဟ်နက္ခတ် တာရာကိုဖန်ဆင်းမှု၊ တိမ်များမှတဆင့်မိုးရွာသွန်းစေမှု၊ မြေကြီးအတွင်းမှ ရေပန်းထွက်မှု၊ သစ်သီးဝလံ စားရေ ရိက္ခာများကို စိုက်ပျိုးဖြစ်ထွန်းလာမှု၊ ယင်းသဘာဝလောကကြီးကို အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်အမိန့်ပေးမှုများ၊ လူတို့၏ဒုက္ခတွေ့မြင်ရချိန်တွင် စိတ်တွင်း ဖြစ်ပေါ်လာသော အလ္လာဟ်သိစိတ် စသည်ဖြင့် အသွင်အမျိုးမျိုးဖြင့် ရှင်းလင်းထားပါသည်။
အစ္စလာမ့်ဘဝတည်ဆောက်မှုသည် ကမ္ဘာ့လူသားအားလုံး၏ စွမ်းရည်များကို အမြင့်ဆုံးဖွံ့ဖြိုးတိုးတက် စေသည်။ ယနေ့ကမ္ဘာ၏ ပကတိအခြေအနေတို့ကို သိရှိစေရန် ကမ္ဘာ့ကုလသမ္မဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့၊ မြောက်အတ္တလန္တိတ်စာချုပ်နိုင်ငံများ အစရှိသည့် ကမ္ဘာ့အဖွဲ့အစည်း အသီးသီး၏ လုပ်ဆောင်ချက်များသည် အစ္စလာမ်သာသနာဝင်များအတွက် အလ္လာဟ် အရှင်မြတ်က ချပေးတော်မူထားသော ကျမ်းတော်မြတ်ကုရ်အာန်၌ ရှင်းလင်းထားရှိပြီးဖြစ်သည်။ တမန်တော် မြတ်(ဆွ)ကိုယ်တိုင်လည်း စံပြလက်တွေ့ ဖော်ဆောင်လိုက်နာခဲ့ပြီးဖြစ်ပေသည်။
ယနေ့ကမ္ဘာတွင် တရားမျှတမှုကို အဓိကထားဆောင်ရွက်နေပေသည်။ အစ္စလာမ်သာသနာတွင် တရားမျှတခြင်းနှင့်ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန် (၁၆း၉၀)တွင် အတိအလင်းဖော်ပြပါရှိလေသည်။
လူသားချင်းစာနာမှုနှင့်ပတ်သက်၍ အကောင်အထည်ဖော်လုပ်ဆောင်ချက်များသည်လည်း အစ္စလာမ်သာသနာ၏ ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်မှုနှင့် ထပ်တူထပ်မျှညီနေပေသည်။
ယနေ့ကမ္ဘာ့လူသားတို့လုပ်ဆောင်နေကြသည့် ဘဝတည်ဆောက်မှုစနစ်များ သည် ကျမ်းတော်မြတ် ကုရ်အာန်တွင် အတိအလင်းပါရှိခဲ့ပြီးဖြစ်သည်။ ဥပမာ - မွေးကင်းစ ကလေးငယ်များမိခင်နို့တိုက်ကျွေးရန် အရေးပါပုံ၊ ကမ္ဘာ့လူသားအားလုံးသည် အိမ်ထောင်စုကြီးဖြစ်သည်ဟူသောအဆိုပြုချက်၊ ယဉ်ကျေးမှု၊ စားဝတ်နေမှု၊ လွတ်လပ်မှု၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေရေးရာ၊ အမျိုးသမီးများ၏ အခွင့်အရေး၊ ယောကျာ်းနှင့် မိန်းမတန်းတူဖြစ်သည်ဟူသောအဆိုပြုချက်၊ ဝိဇ္ဇာသိပ္ပံပညာရပ်များ၊ ကလေးသူငယ်များ စောင့်ရှောက်မှု၊ မိဘနှင့် သားသမီးဆက်ဆံရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေး စသည်တို့ဖြစ်သည်။ မွေးကင်းစကလေးငယ်များမိခင်နို့တိုက်ကျွေးရန်အရေးပါကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန် (၂၈း၇) တွင် အတိအလင်းပါရှိလေသည်။ ကမ္ဘာ့လူသားအားလုံးသည် အိမ်ထောင်စု ကြီးဖြစ်သည်ဟူသော သုတေသီများ၏ အဆိုပြုချက်မှာလည်း ကျမ်းတော်မြတ်ကုရန်အာန် (၂း၂၁၃)နှင့် (၁၇း၇၀)တို့တွင် လည်းကောင်း ဖော်ပြပါရှိလေသည်။ ဤသည်တို့ကိုကြည့်ခြင်းအားပင် အစ္စလာမ်သည် လူမှုဘဝတည်ဆောက်မှုလမ်းစဉ်၊ ဘဝအလှတရားလမ်းစဉ်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပေသည်။ ဤကဲ့သို့သောအစ္စလာမ်၏လမ်းစဉ်ကိုသိရှိပြီးနောက် ကမ္ဘာအနှံ့တွင် တွေးခေါ်ရဲကြပြီး မိရိုးဖလာအယူအဆ များကို လွန်ဆန်ပြီး သစ္စာအမှန်ကို ရှာဖွေလာကြသည့်ပုဂ္ဂိုလ်များသည် အစ္စလာမ်၏အမှန်တရားများနှင့် ထိတွေ့သွားပြီး အေးချမ်းသာယာသည့် အစ္စလာမ်သာသနာကို ခိုလှုံသွားကြသည့် ပုဂ္ဂိုလ်အမြောက်အများ ရှိနေပြီဖြစ်သည်။
၂၀ဝ၁-ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက် နောက်ပိုင်းနှင့် ၂၀ဝ၃-ခုနှစ် မတ်လ (၂၀)ရက်နောက်ပိုင်း တွင် ကမ္ဘာ့လူသားတို့သည် အစ္စလာမ်သာသနာကို ပိုမိုစိတ်ဝင်စားလာကြသည်။ တစ်နေ့တစ်နေ့လည်း အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများလည်း ပိုမိုများပြားလာသည်။ ၂၀ဝ၁-ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်း ကမ္ဘာ့ အရောင်းရဆုံးစာအုပ်စာရင်းတွင် ကျမ်းမြတ်ကုရ်အာန်သည် ထိပ်ဆုံး၌ရှိနေပြီဖြစ်လေသည်။
ဒအ်ဝဟ်လုပ်ငန်းစဉ်တွင် လုပ်ဆောင်သင့်သည်များ
ဒအ်ဝဟ်လုပ်ငန်းစဉ်များပြုလုပ်ရာတွင် စာအုပ်စာပေများ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဟောပြေါပွဲများ၊ စီမီနာ(Seminar) နှီးနှောဖလှယ်ပွဲများ၊ သင်တန်းများ၊ စကားရည်လုပွဲများ၊ သာသနာ့စာပေ ပြိုင်ပွဲများ၊ လူထုအစည်းအဝေးများ ခေါ်ယူခြင်း၊ လေ့လာရေးခရီးစဉ်များ၊ စခန်းသွင်းအစီအစဉ်များနှင့် နွေရာသီ အစ္စလာမ့်ကျောင်းများ ဖွင့်လှစ်ခြင်း၊ လူမှုရေးလုပ်ငန်းများတွင် စီမံကိန်းများချမှတ်ပြီး လူအဆင့်အတန်းမရွေး ပါဝင်နိုင်ရန် စီစဉ်သင့်သည်။ ဒအ်ဝဟ်လုပ်ငန်းအစီအစဉ်များကို ကြေညာချက်များ ဖြန့်ဝေထုတ်ပြန်ခြင်း၊ သင်တန်းပို့ချချက်များကို စနစ်တကျစီမံကိန်းချ၍ လူအများကို စိတ်ဝင်စားလာစေရန် ဆောင်ရွက်ရပါမည်။ ဤကဲ့သို့ဒအ်ဝဟ်လုပ်ငန်းများကို ဗလီများ၊ ကျောင်းများ၊ စုပေါင်းနေထိုင်သည့် အဆောင်များ၊ တက္ကသိုလ်များ၊ ကောလိပ်များနှင့် လူအများ လွတ်လပ်စွာ တွေ့ဆုံနိုင်သည့်နေရာများတွင် ပြုလုပ်သင့်သည်။ ထို့ပြင် လူမှုရေးနှင့် ထောက်ပံ့ရေး (Project) လုပ်ငန်းများကိုလည်း လုပ်ဆောင်သင့်သည်။
စာအုပ်စာပေ၊ လက်ကမ်းစာစောင်များ၊ ဓမ္မတေးသီချင်းများဖြန့်ဝေခြင်း
အစ္စလာမ်သာသနာကို အခြားဘာသာများ နားလည်သဘောပေါက်စေရန်ရည်ရွယ်ပြီး သတင်း အချက် အလက်များ၊ စာအုပ် စာပေများ၊ စာစဉ်များ၊ မဂ္ဂဇင်းများ၊ ဓမ္မတေးသီချင်းများနှင့် ဟောပြေါချက်များကို ကက်ဆက်ခွေ၊ ဗွီဒီယိုနှင့် စီဒီများကိုလည်း အပတ်စဉ် လစဉ် အခမဲ့ဖြန့်ဝေ နိုင်ရန်ကြိုးစားရမည်။ အခြား မီဒီယာများနည်းတူ အစ္စလာမ့်မီဒီယာကဏ္ဍများကိုလည်းထူထောင်ပြီး သတင်းအချက်အလက်များ ဖြန့်ဝေ နိုင်ရန်လုပ်ဆောင်လျှင် ဒအ်ဝဟ်လုပ်ငန်း အတွက် ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်သည်။
ကျမ်းမြတ်ကုရ်အာန်လေ့လာရေးအစီစဉ်
မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီးများ အာရဗီဘာသာစာပေကို အချိန်တိုတိုအတွင်း လွယ်ကူစွာ သင်ကြားတတ်မြောက်ရေး၊ ကုရ်အာန်ကျမ်းတော်မြတ်ကို စနစ်တကျ ရွတ်ဖတ်တတ်ရေး၊ ကုရ်အာန် နှင့် တမန်တော်မြတ်၏ စံနမူနာ(ဟဒီးဆ်၊ စွန်နဟ်)များကို အရှိအတိုင်း မှန်ကန်စွာ နားလည်ကျင့်သုံးနိုင်ရေး အတွက် အစ္စလာမ်သာသနာ၏ အခြေခံမူရင်းကျမ်း၊ ကျမ်းတော်မြတ်ကုရ်အာန်ကို ဖတ်ရွတ်တတ်မြောက် စေရန်အတွက် ကျမ်းမြတ်ကုရ်အာန်လေ့လာရေး အစီစဉ်များပြုလုပ်ဆောင်ရွက်သင့်သည်။
စာကြည့်တိုက်များဖွင့်လှစ်ခြင်း
အခြားဘာသာဝင်များလည်းငှားရမ်းဖတ်ရှုနိုင်သော အစ္စလာမ့်စာကြည့်တိုက်များဖွင့်လှစ်ပြီး အစ္စလာမ့် စာပေများကို လွတ်လပ်ပွင့်လင်းစွာ လေ့လာနိုင်ရန်စီစဉ်ထားရှိရန်လိုပေသည်။
စီမီနာ နှီးနှောဖလှယ်ပွဲများ
အပတ်စဉ်၊ လစဉ် စီမီနာ နှီးနှောဖလှယ်ပွဲများပြုလုပ်ခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦးသိကျွမ်းနိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦးဆွေးနွေးနိုင်လာပြီး အတွေးအခေါ်သစ်များကိုရရှိလာစေပါသည်။ နှီးနှောဖလှယ်ပွဲများ အပတ်စဉ် ပြုလုပ်ခြင်းဖြင့် အကျိုးအကြောင်းဆင်ခြင်တတ်သည့်ဉာဏ်ဖြင့် ပြည့်စုံသော ဖွံ့ဖြိုးဝေဆာသည့် ဆွေးနွေးမှုများကိုလည်းဖြစ်ပေါ်လာစေပါသည်။ လစဉ်စီမီနာများပြုလုပ်ပြီး အစ္စလာမ့်ခေါင်းစဉ်များတပ်ကာ ဟောပြေါပို့ချခြင်းဖြင့် ကောင်းမွန်သည့် အစ္စလာမ့်ပညာပေးမှု နည်းလမ်းများကို ဖန်တီးနိုင်ပသည်။ လစဉ် စီမီနာများပြုလုပ်ခြင်းဖြင့် ပညာပေးခြင်း၊ တဆက်တည်းတစ်ဦးနှင့်တစ်ဦး မိတ်ဆွေဖွဲ့နိုင်ခြင်း၊ တစ်ဦးကိုတစ်ဦး သဘောပေါက်နားလည်ခြင်းဖြင့် ကောင်းမွန်သည့်ဆက်ဆံရေးများရရှိနိုင်ပေသည်။ ဤကဲ့သို့ နှီးနှောဖလှယ်ပွဲ များပြုလုပ်ခြင်းဖြင့် ဒအ်ဝဟ်လုပ်ငန်း၏စုစည်းမှုများကို အကောင်အထည်ဖော်ပြီး အစ္စလာမ်ကို အာရုံ စူးစိုက်လာခြင်း၊ အထူးသဖြင့် လူမှုရေးနှင့် သိပ္ပံဘာသာရပ်များတွင် အစ္စလာမ်မှုပြုသိပ္ပံဘာသာရပ်များအထိ စိတ်ပါဝင်စားလာကြပါသည်။
စကားရည်လုပွဲများ၊ ကဆွီဒါပြိုင်ပွဲများ
ကျောင်းသူ၊ ကျောင်းသားများအား စကားရည်လုပွဲများ၊ ကဆွီဒါပြိုင်ပွဲများ ပြုလုပ်ပေးခြင်းသည် အနာဂတ်မွတ်စလင်မ်တစ်မျိုးသားလုံး၏ ဖန်တီးတီထွင်နိုင်နင်းသည့် ကောင်းမွန်သောနည်းလမ်းများကို ကြံဆလေ့ကျင့်ပေးရာ ရောက်ပါသည်။ အစ္စလာမ့်ရေးရာပြဿနာရပ်များကို စကားရည်လုပွဲများအဖြစ် အခြေအတင်ပြောဆိုစေခြင်း အကျင့်သည် မွတ်စလင်မ်လူငယ်များအတွက် ပို၍စိတ်ဝင်တစားရှိလာစေ၍ အသိဉာဏ်ဗဟုသုတများကို ပိုမိုဖွံ့ဖြိုးလာစေနိုင်သည်။ အစ္စလာမ့်ရေးရာပြဿနာများကို ခေတ်အခြေအနေရ ဆွေးနွေးကြရာတွင် အကျိုး အကြောင်းဆင်ခြင်တတ်သည့်ဉာဏ်ဖြင့် ပြည့်စုံမှုကိုထိန်းချုပ်နိုင်ပြီး အစ္စလာမ် သာသနာကို သိပ္ပံနည်းကျ ချဉ်းကပ်ဆွေးနွေးနိုင်ကာ တစ်ဦးအယူအဆသဘောတရားကို တစ်ဦးကနားလည် ရခြင်းဖြင့် အချင်းချင်း ယဉ်ကျေးသိမ်မွေ့စွာ အပြန်အလှန်သဟဇာတဖြစ်မှုများ ပြန့်ပွားစေပါသည်။
သင်တန်းများ
အပတ်စဉ်၊ လစဉ်သင်တန်းများ၊ စခန်းသွင်းသင်တန်းများ ပြုလုပ်ခြင်းဖြင့် အစ္စလာမ့်အကြောင်းအရာ များကို လေ့လာရန် ပိုမို လွယ်ကူလာပြီး အသိပညာများတိုးပွားလာစေနိုင်သည်။
လေ့လာရေးခရီးစဉ်များ
အစ္စလာမ့်ဗဟုသုတတိုးပွားစေရန်နှင့် မိမိကိုယ်ကိုအာမခံချက်၊ တာဝန်ယူနိုင်ပြီး ပြီးပြည့်စုံရန် အစ္စလာမ် လေ့လာရေးစခန်းများကို အစ္စလာမ့်ဒအ်ဝဟ်အဖွဲ့အစည်းများပြုလုပ်သင့်ပါသည်။ တက္ကသိုလ်နှင့် ကောလိပ်များမှ ပညာအဆင့်မြင့်ထူးချွန်သည့် မွတ်စလင်မ်နှင့် မွတ်စလင်မ်မဟုတ်သော ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ပြီး အစ္စလာမ့်သမိုင်းဝင် နေရာတစ်ခုတွင် စခန်းချဖွင့်လှစ်ကာ အစ္စလာမ်နှင့် ပတ်သက်သည့် ဟောပြောချက်များ၊ စီမီနာစည်းဝေးပွဲများနှင့် ဆွေးနွေးပွဲများ၊ လက်တွေ့ဆောင်ရွက်မှုများတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်စေကြရပါမည်။ အခြား ဘာသာများ၏ သမိုင်းဝင် အထင်ကရနေရာများနှင့် သူတို့၏ လူမှုရေး အကျိုးပြုလုပ်ငန်းများသို့ လေ့လာလည်း လေ့လာရေး ခရီးများသွားရောက်ကာ ဝိုင်းဝန်းပါဝင် ကူညီကြခြင်း ဖြင့်လည်း အကြောင်းအရာများကို စိတ်ဝင်စားမှုများရှိလာနိုင်သည်။ ဤကဲ့သို့ လေ့လာရေး အစီအစဉ်များသည် အနာဂတ် ဒအ်ဝဟ်လုပ်ငန်းစဉ်များအတွက် အထောက်အကူ ဖြစ်စေပါသည်။
ပညာရေး
ပညာထူးချွန်သော်လည်း ငွေကြေးမပြည့်စုံမှုကြောင့် ပညာဆက်လက်ဆည်းပူးရန် အခက်အခဲ ရှိသူများ အထောက်အကူဖြစ်စေရန်အတွက် ကျောင်းသား/သူများကို စနစ်တကျ စိစစ်ရွေးချယ်ပြီး လစဉ်/နှစ်စဉ် ပညာသင်စရိတ်များထောက်ပံ့ပေးသင့်ပါသည်။
မြန်မာနိုင်ငံတွင် အစ္စလာမ့်ကျောင်းများ၊ တက္ကသိုလ်များတည်ထောင်ကာ နိုင်ငံတကာ အစ္စလာမ့် တက္ကသိုလ်ကြီးများ ပညာရေးစနစ်တိုင်းပင် သမိုင်း၊ သိပ္ပံ၊ ဒဿန၊ စီးပွားရေး၊ ဥပဒေ၊ ဝိဇ္ဇာပညာရပ်များကိုလည်း မျက်ခြေမပြတ် စေဘဲ ကုရ်အာန်၏ အလင်းရောင်အောက်၌သင်ကြားသော ခေတ်ပညာရေးသင်ကြားသော လုပ်ငန်းများကိုလည်း ထူထောင်နိုင်ရန် အတွက် အားပေးကူညီကြရပေမည်။
နွေရာသီအစ္စလာမ့်ကျောင်းများ
မွတ်စလင်မ်များနှင့် မွတ်စလင်မ်မဟုတ်သူများအနေဖြင့် အစ္စလာမ်ဘာသာ၏အခြေခံတရားများကို ပိုင်နိုင် ရှင်းလင်းစွာသိရှိရန် အလယ်တန်းနှင့် အထက်တန်းပညာသင်ဆဲ ကျောင်းသူကျောင်းသားများနှင့် တက္ကသိုလ် တက်ဆဲ ကျောင်းသားများအတွက် နွေရာသီကျောင်းပိတ်ရက်၊ စာမေးပွဲပြီးရက်များ၌ အချိန်ပိုင်း အစ္စလာမ့်ကျောင်းများ တည်ထောင် ဖွင့်လှစ်ရန် ဦးစားပေး ဆောင်ရွက်သင့်ပါသည်။ အဆင့်ြ့မင့်ပညာနှင့် အစ္စလာမ့် ဥပဒေကရည်ညွှန်းသည့် ပြုမူနေထိုင်ပုံ၊ ကိုယ်ကျင့်မူရာများကို စည်းကမ်းများ၏ အခြေခံအဖြစ်ထားခြင်းဖြင့် မွတ်စလင်မ်များအပါအဝင် မုစ်လင်မ်မဟုတ်သူများကိုပါ စိတ်ဝင်စားလာစေပါသည်။
လူမှုရေးနှင့် ထောက်ပံ့ရေး (Project)လုပ်ငန်းများ
ဒအ်ဝဟ်ဖိတ်ခေါ်မှုပြုသူများသည် လူ့အစုအဝေးဖြင့် ဆေးရုံများရှိ လူနာများ၊ နာမကျန်းဖြစ်နေသူ များကို သွားရောက်ကြည့်ရှုစောင့်ရှောက်သင့်သကဲ့သို့ အိမ်တိုင်းရှိ သက်ကြီးရွယ်အိုများကိုလည်း သွားရောက် ဂါရဝပြုသင့်ပါသည်။ မွတ်စလင်မ် မိဘမဲ့ကလေးများအတွက် မိဘမဲ့ကလေးများဂေဟာများလည်း ထူထောင် သင့်ပါသည်။ ဆွေမျိုးအဆက်အနွယ် ခိုင်မာစွာမရှိသည့် အသက်အရွယ်ကြီးသူများ၊ မသန်စွမ်းသူများကို လူအိုရုံများဖွင့်လှစ်ပေးခြင်းများကိုလည်း လုပ်ဆောင်သင့်သည်။ မုစ်လင်မ်ဆေးခန်းများ၊ ဆေးရုံများဖွင့်လှစ်ပြီး ချို့တဲ့သည့်လူနာများကို လူမျိုးဘာသာမရွေး အထူးအလေးပေးကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် ကုသပေးသင့် သည်။ ထို့ပြင် အခြားသောဘာသာများ၏ လူမှုရေး လုပ်ငန်းများ (ဥပမာ - မိဘမဲ့ကလေးများဂေဟာ၊ ဘိုးဘွား ရိပ်သာများနှင့် အခြါးလူမှုရေးလုပ်ငန်းများ)တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုလုံးကို အလုပ်အကျွေးပြုခြင်းဖြင့် ကမ္ဘာလူသားတစ်ရပ်လုံးကို အစ္စလာမ်သည် ငြိမ်းချမ်းရေးကို ရှေ့ရှုကြောင်းသာ တူညီမျှမှုကိုလိုလားကြောင်း၊ တစ်လောကလုံးနှင့်ပတ်သက်ဆက်နွယ်လျက် အကျိုးပြုကြောင်းများကို ပြသခြင်းဖြင့် ဒအ်ဝဟ်လုပ်ငန်းများ ပိုမိုတိုးတက်လာစေနိုင်ပါသည်။
ဘာသာအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း
မွတ်စလင်မ်တို့သည် စိတ်ပါဝင်စားစွာဖြင့် ဘာသာတစ်ခုနှင့်တစ်ခုဆွေးနွေးရာတွင် စိတ်အားထက်သန် စွာ ပါဝင်သင့်ပါ သည်။ အချင်းချင်း တစ်ဦးကိုတစ်ဦး နားလည်ကြစေရန် အမြင်မှားများမှကင်းဝေးပြီး အမြင်မှန် ရရှိစေရန် အထူးလိုအပ်သည့် အစီအစဉ်ဖြစ်ပေသည်။ အခြါးဘာသာခေါင်းဆောင်များနှင့် အကျွမ်းတဝင် ရှိရန်အထူးအရေးကြီးပါသည်။ အမိမြန်မာနိုင်ငံတွင်း၌လည်း အစ္စလာမ်ကို အလေးဂရုပြုအသိအမှတ်ပြုရန် လိုအပ်ပါသည်။ ဘာသာတစ်ခုနှင့်တစ်ခု အချင်းချင်းဆွေးနွေး ညှိနှိုင်းမှုတွင်ပါဝင်နေခြင်းက အစ္စလာမ်နှင့် သက်ဆိုင်သည့် အစ္စလာမ့်ရေးရာပြဿနာရပ်များကို အကောင်းဆုံးအနေအထား တွင် ပါဝင်ပတ်သက်ရာ ရောက်ပါသည်။ ဘာသာအချင်းချင်းဆွေးနွေးပွဲများပြုလုပ်ရာတွင်ပါဝင်ခြင်းဖြင့် အခြါးဘာသာရေး ခေါင်းဆောင်များက အစ္စလာမ်နှင့်ပတ်သက်၍ ၎င်းတို့၏ မသိနားမလည်မှုကိုထုတ်ဖော်ပြောကြားလာသောအခါ အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးသာသနာဖြစ်ပြီး အကျိုးအကြောင်း ဆင်ခြင်တုံ တရားနှင့် သိပ္ပံဆိုင်ရာ စည်းမျဉ်းစည်းကမ်းအပေါ်အခြေခံလာကြောင်းများကို ရှင်းလင်းပြေါပြ သင့်သည်။ မွတ်စလင်မ်များအနေနှင့် တစ်နေ့ (၅)ကြိမ်ဝတ်ပြုရန်နှင့် သောကြာနေ့တွင်အထူးဝတ်ပြုရန်လိုသည်၊ ရမဿွန်လမြတ်ပြီးလျှင် အီဒွလ်ဖစ်သိရ် ဒီးအ်နမာဇ် ဖတ်ရသည်။ ထို့နောက် အီဒွတ်အသွဟာ နမာဇ်ဖတ် ရသည်။ ထို့နောက် ဟဂ်ျရာသီတွင် ဟဂ်ျပြုရမည်။ မက္ကာမြို့ရှိ အလ္လာဟ်အိမ်တော်သို့သွားရမည်။ ဤကိစ္စရပ်များကို သာသနာဝင်များဆောင်ရွက်ကြရာတွင် ဘာသာအချင်းချင်း အစုအဝေးတစ်ရပ်အပေါ်သို့ အစုအဝေးတစ်ရပ်ကထားရှိရမည့် ကောင်းမြတ်သည့်စေတနာတရားများထားရှိခြင်းဖြင့် ဘာသာရေးအရ ဆောင်ရွက်မှုများကို နားလည်ခွင့်ပြုပေးရာ၌အရေးပါလှပေသည်။
ဤသို့ ဘာသာတစ်ခုနှင့်တစ်ခုဆွေးနွေးရာတွင် စိတ်အားထက်သန်စွာပါဝင်ခြင်း၊ ဘာသာအချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းအားဖြင့် အစ္စလာမ့်အကြောင်းအရာများကို အခြားဘာသာဝင်များ အသိမှားမှု၊ လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုမှု များပြေပျောက်သွားပြီး အစ္စလာမ့်အကြောင်းအရာများကို သိရှိလာနိုင်သည်။
ဒအ်ဝဟ်ဖိတ်ခေါ်မည့်သူများ၏ လုပ်ဆောင်ဖွယ်ရာများ
ဒအ်ဝဟ်လုပ်ဆောင်မည့်သူများသည် တစ်ဦးနှင့်တစ်ဦး ညီညွတ်မှု၊ နားလည်မှု၊ ပူးပေါင်းပါဝင်မှု၊ တာဝန်ယူတတ်မှု၊ ဆက်သွယ်ဆက်ဆံတတ်မှု၊ ပွင့်လင်းမှု၊ လိုက်လျောညီထွေရှိမှု၊ ဦးဆောင်မှုကောင်း ပေးနိုင်မှု၊ ချိန်ဆညှိနှိုင်းမှုကောင်းမွန်ရေး၊ စနစ်ကျမှု၊ အပြန်အလှန်လေးစားမှု၊ အခြါးသူများတက်ကြွအောင် လှုံ့ဆော်နိုင်မှုနှင့် အသိပေးဆွေးနွေးမှုများကို ပြုနိုင်စွမ်း ရှိသူများဖြစ်ရပေမည်။ ဒအ်ဝဟ်လုပ်ဆောင်မည့် သူများသည် မွတ်စလင်မ် မဟုတ်သူများကို ဒအ်ဝဟ်ဖိတ်ခေါ်မှုမပြုမီအလျင် သို့မဟုတ် ဖိတ်ခေါ်ချက်ကို လက်မခံရခင် မွတ်စလင်မ်များအနေနှင့် မိမိတို့ဘက်မှ ကနဦးပြင်ဆင်မှုကို ပြုထားကြရပါမည်။ အောက်ပါတို့မှာ ကျွန်ုပ်တို့ သိရှိနားလည်ထားပြီး အံ့ဝင်စွာ စီမံသွားရမည့် အကြံဉာဏ်ကောင်း အချို့ဖြစ်ပါသည်။
- သိပ္ပံနှင့်နည်းပညာတို့ကို နားလည်သလိုမျိုး သို့မဟုတ် ထိုဘာသာရပ်များထက်မက ပိုပြီးနားလည်အောင် မွတ်စလင်မ်တို့ဘက်မှ အစ္စလာမ်ကို လေ့လာဆည်းပူးထားသင့်သည်။
- ကုရ်အာန်၊ ဟဒီးဆ်၊ စွန္နသ်၊ ဆီရဟ်၊ ဖိကဟ်၊ သမိုင်း၊ ရှရီအသ်၊ ကမ္ဘာ့ယဉ်ကျေးမှုများ စသည်တို့ကို လေ့လာထားရန် လိုအပ်သည်။
- ယနေ့နိုင်ငံတစ်ခုခုက ကိုးကွယ်ယုံကြည်လက်ခံထားသော အခြားအခြားသော ဘာသာတရားများကို လေ့လာထား သင့်သည်။
- ယုံကြည်သူများမှာ လက်တွေ့ကျင့်သုံးပြုပေးပြီး အလ္လာဟ်နှင့် အရှင်၏သာသနာ အစ္စလာမ်ကို သစ္စာစောင့်သိသွားသင့်သည်။
- အခြားသူများအတွက် စံထားစရာဖြစ်နေရမည်။ အသိုင်းအဝိုင်းအတွင်း၌လည်း စံထားစရာများ ရှိနေရမည်။
- အရည်ခြုံဖြစ်မှုနှင့် ဟိုတစ်မျိုး၊ ဒီတစ်မျိုး မဖြစ်စေရ၊ သွေးခွဲတတ်သူမဖြစ်စေရ၊ စိတ်ကစဥ့်ကလျား မဖြစ်စေရပါ။
- နေ့စဉ်အလ္လာဟ်နှင့်ဆက်သွယ်မှုမှာ တိုးတက်မှုရှိနေရမည်။ ပုံမှန်တာဝန်များဖြင့် အိဗာဒသ်ပွားများမှု ရှိရမည်။ ကုရ်အာန်ကျမ်းမြတ်ကို နေ့စဉ်မပျက် ဖတ်ရှုလေ့လာသင့်သည်။
- အစွန်းရောက် အမျိုးသားရေးဝါဒီများနှင့် ကင်းကင်းရှိသင့်သည်။ သို့သော် ထိုသူတို့သည်လည်း ထာဝစဉ် မွတ်စလင်မ် ဆိုသည်ကို အစဉ်သတိရှိနေရပါမည်။
မွတ်စလင်မ်မဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ဖိတ်ကြားချက်ကိုမရမီ၊ မိမိ၏အသိုင်းအဝိုင်းသို့ သူတို့အား လာရောက်လည်ပတ်စေခြင်းမပြုမီ မိမိကိုယ်ကို ဦးစွာပညာကြွယ်အောင်ပြုထားသင့်ပါသည်။
- သူတို့၏ယုံကြည်ချက်၊ ဂိုဏ်းဂဏနှင့်ဘာသာရေးဂိုဏ်းကွဲများကို ရှာကြံလေ့လာထားသင့်သည်။ ထိုသူများမှာ ဗုဒ္ဓဘာသာဝင်များ၊ ကက်သလစ်များ၊ ပရိုတက်စတင့်များ၊ ဂျူးအမျိုးသားများ၊ ဟိန္ဒူ အမျိုးသားများနှင့် ယေဟောဝါသက်သေတော်အသင်းနှင့် အမေရိကန်မှ မော်မွန်းဘာသာရေးဂိုဏ်း စသည်များမှ တစ်ခုခုထဲကဖြစ်နိုင်သည်။
- သူတို့၏ ဘာသာတရားအကြောင်းနှင့်ပတ်သက်ပြီး စွယ်စုံကျမ်းများ၊ အင်တာနက်၊ ကမ္ဘာ့ကွန်ယက် သို့မဟုတ် အခြားအရင်းခံတစ်ခုခုမှနေပြီး တင်ကူးလေ့လာထားပါ။ သူတို့၏ယုံကြည်ချက်အယူဝါဒများ နှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ မိမိထံပို့ပေးပါဟု မေတ္တာရပ်ခံသင့်သည်။
မွတ်စလင်မ်မဟုတ်သောသူများနှင့်တွေ့ဆုံ ဒအ်ဝဟ်လုပ်သောအခါ တစ်စုံတစ်ဦးဦးကိုမှ သိမ်းသွင်း စည်းရုံးမှု ပြုမည်မဟုတ်ဘဲ သူတို့နှင့် ကျွန်ုပ်တို့အကြား ဘုံတူညီချက်များမှ အလှအပများကို ခံစားတင်ပြရန် သာဖြစ်သည်ဟု ပြောကြားသင့်သည်။
- မိတ်ဆွေရင်းချာပမာ ရင်းရင်းနှီးနှီးရှိပြီး ဟာသဉာဏ်ရွှင်ရွှင်နှင့်တင်ပြလျှင်ပို၍ အဆင်ပြေနိုင်သည်။
- ယေဘူယျပြောဆိုချက်က မွတ်စလင်မ်များ၏အဓိကရည်ရွယ်များအကြောင်း၊ အစ္စလာမ့်မဏ္ဍိုင်များနှင့် ကျင့်စဉ်များကို လိုက်နာရမှုကိုပြောရမည်။
- အစ္စလာမ်သည် ပြီးပြည့်စုံသောဘဝလမ်းညွှန်ဖြစ်ခြင်းကြောင့် အစားအသောက်၊ ပြက္ခဒိန်၊ နေ့ထူးနေ့မြတ်များ၊ ဘာသာရေးအထိမ်းအမှတ် ဓမ္မသဘင်များ၊ နိုင်ငံတော်နှင့် ဘာသာရေးတရား၊ ကုရ်အာန်၏ ဘာသာစကားနှင့် အိမ်ထောင်ရေး၊ စီးပွားရေးတို့ကို ပြောဆိုသင့်သည်။
- အပြန်အလှန်တွေ့ဆုံဆွေးနွေးချက်တွင် အသိဉာဏ် ပြန်လည်ဆန်းသစ်မှုတွင် ရှေးခေတ် မွတ်စလင်မ်များ၏ အခန်း ကဏ္ဍများအပြင် လက်ရှိမွတ်စလင်မ်များ၏ သိပ္ပံ၊ နည်းပညာ၊ စာရိတ္တတရား၊ မိသားစု ဘဝကို တန်ဖိုးထားမှုနှင့် ဥပဒေနာခံမှု စသည်များကိုပါဝင်အောင် ပြောရန်လိုသည်။
- မွတ်စလင်မ်များသည် ကမ္ဘာတွင်သန်းပေါင်းတစ်ထောင်ကျော်ရှိနေကြောင်းကိုလည်း အသိပေး ပြောသင့်သည်။
- အပြန်အလှန်မေးလာသော မေးခွန်းများကို အတတ်နိုင်ဆုံးထိရောက်စွာဖြေကြားသင့်သည်။
ဤသို့ပြောဆိုရာတွင် အောက်ကျို့ခယသည့်ပုံစံမဖြစ်စေဘဲ အစ္စလာမ်ကို ကာကွယ်ပေးရန်မလိုပေ။ အစ္စလာမ် အကြောင်းကို သူတို့အား အသိပေးသွားရန်လိုပါသည်။
ဘာသာအချင်းချင်း ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း
မွတ်စလင်မ်တို့သည် စိတ်ပါဝင်စားစွာဖြင့် ဘာသာတစ်ခုနှင့်တစ်ခုဆွေးနွေးရာတွင် စိတ်အား ထက်သန်စွာ ပါဝင်သင့်ပါ သည်။ အချင်းချင်း တစ်ဦးကိုတစ်ဦး နားလည်ကြစေရန် အမြင်မှားများမှကင်းဝေးပြီး အမြင်မှန် ရရှိစေရန် အထူးလိုအပ်သည့် အစီအစဉ်ဖြစ်ပေသည်။ အခြါးဘာသာခေါင်းဆောင်များနှင့် အကျွမ်းတဝင် ရှိရန်အထူးအရေးကြီးပါသည်။ အမိမြန်မာနိုင်ငံတွင်း၌လည်း အစ္စလာမ်ကို အလေးဂရုပြု အသိအမှတ်ပြုရန် လိုအပ်ပါသည်။ ဘာသာတစ်ခုနှင့်တစ်ခု အချင်းချင်းဆွေးနွေး ညှိနှိုင်းမှုတွင်ပါဝင်နေခြင်းက အစ္စလာမ်နှင့် သက်ဆိုင်သည့် အစ္စလာမ့်ရေးရာပြဿနာရပ်များကို အကောင်းဆုံးအနေအထား တွင် ပါဝင် ပတ်သက်ရာရောက်ပါသည်။ ဘာသာအချင်းချင်းဆွေးနွေးပွဲများပြုလုပ်ရာတွင်ပါဝင်ခြင်းဖြင့် အခြါးဘာသာရေး ခေါင်းဆောင်များက အစ္စလာမ်နှင့်ပတ်သက်၍ ၎င်းတို့၏ မသိနားမလည်မှုကိုထုတ်ဖော်ပြောကြားလာသောအခါ အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင်မြတ်၏ နောက်ဆုံးသာသနာဖြစ်ပြီး အကျိုးအကြောင်း ဆင်ခြင်တုံ တရားနှင့် သိပ္ပံဆိုင်ရာ စည်းမျဉ်းစည်းကမ်းအပေါ်အခြေခံလာကြောင်းများကို ရှင်းလင်းပြေါပြ သင့်သည်။ မွတ်စလင်မ်များအနေနှင့် တစ်နေ့ (၅)ကြိမ်ဝတ်ပြုရန်နှင့် သောကြာနေ့တွင်အထူးဝတ်ပြုရန်လိုသည်၊ ရမဿွန် လမြတ်ပြီးလျှင် အီဒွလ်ဖစ်သိရ် ဒီးအ်နမာဇ် ဖတ်ရသည်။ ထို့နောက် အီဒွတ်အသွဟာ နမာဇ်ဖတ် ရသည်။ ထို့နောက် ဟဂ်ျရာသီတွင် ဟဂ်ျပြုရမည်။ မက္ကာမြို့ရှိ အလ္လာဟ်အိမ်တော်သို့သွားရမည်။ ဤကိစ္စရပ်များကို သာသနာဝင်များဆောင်ရွက်ကြရာတွင် ဘာသာအချင်းချင်း အစုအဝေးတစ်ရပ်အပေါ်သို့ အစုအဝေးတစ်ရပ်က ထားရှိရမည့် ကောင်းမြတ်သည့်စေတနာတရားများထားရှိခြင်းဖြင့် ဘာသာရေးအရ ဆောင်ရွက်မှုများကို နားလည်ခွင့်ပြုပေးရာ၌အရေးပါလှပေသည်။
ဤသို့ ဘာသာတစ်ခုနှင့်တစ်ခုဆွေးနွေးရာတွင် စိတ်အားထက်သန်စွာပါဝင်ခြင်း၊ ဘာသာအချင်းချင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းအားဖြင့် အစ္စလာမ့်အကြောင်းအရာများကို အခြားဘာသာဝင်များ အသိမှားမှု၊ လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုမှု များပြေပျောက်သွားပြီး အစ္စလာမ့်အကြောင်းအရာများကို သိရှိလာနိုင်သည်။
ဒအ်ဝဟ်ဖိတ်ခေါ်မည့်သူများ၏ လုပ်ဆောင်ဖွယ်ရာများ
ဒအ်ဝဟ်လုပ်ဆောင်မည့်သူများသည် တစ်ဦးနှင့်တစ်ဦး ညီညွတ်မှု၊ နားလည်မှု၊ ပူးပေါင်းပါဝင်မှု၊ တာဝန်ယူ တတ်မှု၊ ဆက်သွယ်ဆက်ဆံတတ်မှု၊ ပွင့်လင်းမှု၊ လိုက်လျောညီထွေရှိမှု၊ ဦးဆောင်မှုကောင်း ပေးနိုင်မှု၊ ချိန်ဆညှိနှိုင်းမှုကောင်းမွန်ရေး၊ စနစ်ကျမှု၊ အပြန်အလှန်လေးစားမှု၊ အခြါးသူများတက်ကြွအောင် လှုံ့ဆော်နိုင်မှုနှင့် အသိပေးဆွေးနွေးမှုများကို ပြုနိုင်စွမ်းရှိသူများဖြစ်ရပေမည်။ ဒအ်ဝဟ်လုပ်ဆောင်မည့် သူများသည် မွတ်စလင်မ် မဟုတ်သူများကို ဒအ်ဝဟ်ဖိတ်ခေါ်မှုမပြုမီအလျင် သို့မဟုတ် ဖိတ်ခေါ်ချက်ကို လက်မခံရခင် မွတ်စလင်မ်များအနေနှင့် မိမိတို့ဘက်မှ ကနဦးပြင်ဆင်မှုကို ပြုထားကြရပါမည်။ အောက်ပါတို့မှာ ကျွန်ုပ်တို့ သိရှိနားလည်ထားပြီး အံ့ဝင်စွာ စီမံသွားရမည့် အကြံဉာဏ်ကောင်း အချို့ဖြစ်ပါသည်။
- သိပ္ပံနှင့်နည်းပညာတို့ကို နားလည်သလိုမျိုး သို့မဟုတ် ထိုဘာသာရပ်များထက်မက ပိုပြီးနားလည်အောင် မွတ်စလင်မ်တို့ဘက်မှ အစ္စလာမ်ကို လေ့လာဆည်းပူးထားသင့်သည်။
- ကုရ်အာန်၊ ဟဒီးဆ်၊ စွန္နသ်၊ ဆီရဟ်၊ ဖိကဟ်၊ သမိုင်း၊ ရှရီအသ်၊ ကမ္ဘာ့ယဉ်ကျေးမှုများ စသည်တို့ကို လေ့လာထားရန် လိုအပ်သည်။
- ယနေ့နိုင်ငံတစ်ခုခုက ကိုးကွယ်ယုံကြည်လက်ခံထားသော အခြားအခြားသော ဘာသာတရားများကို လေ့လာထား သင့်သည်။
- ယုံကြည်သူများမှာ လက်တွေ့ကျင့်သုံးပြုပေးပြီး အလ္လာဟ်နှင့် အရှင်၏သာသနာ အစ္စလာမ်ကို သစ္စာစောင့်သိသွားသင့်သည်။
- အခြားသူများအတွက် စံထားစရာဖြစ်နေရမည်။ အသိုင်းအဝိုင်းအတွင်း၌လည်း စံထားစရာများ ရှိနေရမည်။
- အရည်ခြုံဖြစ်မှုနှင့် ဟိုတစ်မျိုး၊ ဒီတစ်မျိုး မဖြစ်စေရ၊ သွေးခွဲတတ်သူမဖြစ်စေရ၊ စိတ်ကစဥ့်ကလျား မဖြစ်စေရပါ။
- နေ့စဉ်အလ္လာဟ်နှင့်ဆက်သွယ်မှုမှာ တိုးတက်မှုရှိနေရမည်။ ပုံမှန်တာဝန်များဖြင့် အိဗာဒသ်ပွားများမှု ရှိရမည်။ ကုရ်အာန်ကျမ်းမြတ်ကို နေ့စဉ်မပျက် ဖတ်ရှုလေ့လာသင့်သည်။
- အစွန်းရောက် အမျိုးသားရေးဝါဒီများနှင့် ကင်းကင်းရှိသင့်သည်။ သို့သော် ထိုသူတို့သည်လည်း ထာဝစဉ် မွတ်စလင်မ် ဆိုသည်ကို အစဉ်သတိရှိနေရပါမည်။
မွတ်စလင်မ်မဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ဖိတ်ကြားချက်ကိုမရမီ၊ မိမိ၏အသိုင်းအဝိုင်းသို့ သူတို့အား လာရောက် လည်ပတ်စေခြင်းမပြုမီ မိမိကိုယ်ကို ဦးစွာပညာကြွယ်အောင်ပြုထားသင့်ပါသည်။
- သူတို့၏ယုံကြည်ချက်၊ ဂိုဏ်းဂဏနှင့်ဘာသာရေးဂိုဏ်းကွဲများကို ရှာကြံလေ့လာထားသင့်သည်။ ထိုသူများမှာ ဗုဒ္ဓဘာသာဝင်များ၊ ကက်သလစ်များ၊ ပရိုတက်စတင့်များ၊ ဂျူးအမျိုးသားများ၊ ဟိန္ဒူအမျိုးသားများနှင့် ယေဟောဝါသက်သေတော်အသင်းနှင့် အမေရိကန်မှ မော်မွန်းဘာသာရေးဂိုဏ်း စသည်များမှ တစ်ခုခုထဲကဖြစ်နိုင်သည်။
- သူတို့၏ ဘာသာတရားအကြောင်းနှင့်ပတ်သက်ပြီး စွယ်စုံကျမ်းများ၊ အင်တာနက်၊ ကမ္ဘာ့ကွန်ယက် သို့မဟုတ် အခြားအရင်းခံတစ်ခုခုမှနေပြီး တင်ကူးလေ့လာထားပါ။ သူတို့၏ယုံကြည်ချက်အယူဝါဒများ နှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ မိမိထံပို့ပေးပါဟု မေတ္တာရပ်ခံသင့်သည်။
မွတ်စလင်မ်မဟုတ်သောသူများနှင့်တွေ့ဆုံ ဒအ်ဝဟ်လုပ်သောအခါ တစ်စုံတစ်ဦးဦးကိုမှ သိမ်းသွင်း စည်းရုံးမှု ပြုမည်မဟုတ်ဘဲ သူတို့နှင့် ကျွန်ုပ်တို့အကြား ဘုံတူညီချက်များမှ အလှအပများကို ခံစားတင်ပြရန် သာဖြစ်သည်ဟု ပြောကြားသင့်သည်။
- မိတ်ဆွေရင်းချာပမာ ရင်းရင်းနှီးနှီးရှိပြီး ဟာသဉာဏ်ရွှင်ရွှင်နှင့်တင်ပြလျှင်ပို၍ အဆင်ပြေနိုင်သည်။
- ယေဘူယျပြောဆိုချက်က မွတ်စလင်မ်များ၏အဓိကရည်ရွယ်များအကြောင်း၊ အစ္စလာမ့်မဏ္ဍိုင်များနှင့် ကျင့်စဉ်များကို လိုက်နာရမှုကိုပြောရမည်။
- အစ္စလာမ်သည် ပြီးပြည့်စုံသောဘဝလမ်းညွှန်ဖြစ်ခြင်းကြောင့် အစားအသောက်၊ ပြက္ခဒိန်၊ နေ့ထူးနေ့မြတ်များ၊ ဘာသာရေးအထိမ်းအမှတ် ဓမ္မသဘင်များ၊ နိုင်ငံတော်နှင့် ဘာသာရေးတရား၊ ကုရ်အာန်၏ ဘာသာစကားနှင့် အိမ်ထောင်ရေး၊ စီးပွားရေးတို့ကို ပြောဆိုသင့်သည်။
- အပြန်အလှန်တွေ့ဆုံဆွေးနွေးချက်တွင် အသိဉာဏ် ပြန်လည်ဆန်းသစ်မှုတွင် ရှေးခေတ်မွတ်စလင်မ် များ၏ အခန်း ကဏ္ဍများအပြင် လက်ရှိမွတ်စလင်မ်များ၏ သိပ္ပံ၊ နည်းပညာ၊ စာရိတ္တတရား၊ မိသားစုဘဝကို တန်ဖိုးထားမှုနှင့် ဥပဒေနာခံမှု စသည်များကိုပါဝင်အောင် ပြောရန်လိုသည်။
- မွတ်စလင်မ်များသည် ကမ္ဘာတွင်သန်းပေါင်းတစ်ထောင်ကျော်ရှိနေကြောင်းကိုလည်း အသိပေးပြော သင့်သည်။
- အပြန်အလှန်မေးလာသော မေးခွန်းများကို အတတ်နိုင်ဆုံးထိရောက်စွာဖြေကြားသင့်သည်။
ဤသို့ပြောဆိုရာတွင် အောက်ကျို့ခယသည့်ပုံစံမဖြစ်စေဘဲ အစ္စလာမ်ကို ကာကွယ်ပေးရန်မလိုပေ။ အစ္စလာမ် အကြောင်းကို သူတို့အား အသိပေးသွားရန်လိုပါသည်။
နိဂုံး
ဒအ်ဝဟ်လုပ်ငန်းစဉ်အတွက် မြန်မာနိုင်ငံတွင် အနာဂတ်အတွက် ဘွဲ့ရများကိုမွေးထုတ်ထားသင့် သည်။ ၎င်းးဘွဲ့ရများသည် ဖြစ်နိုင်စွမ်းရှိသည့် ဉာဏ်ရည်ဉာဏ်သွေး ဗဟုသုတစွမ်းအားနှင့် ဒအ်ဝဟ်လုပ်ငန်းစဉ်ကို အလုပ်အကျွေး ပြုရန်တာဝန်ကျေသူများအဖြစ် ရည်ရွယ်မွေးထုတ်ထားကြသူများဖြစ်ပါသည်။
ဒအ်ဝဟ်လုပ်ငန်းအစီအစဉ်ဖြင့် လူအများကိုပါဝင်လာနိုင်ကြစေရန် ဖိတ်ခေါ်ကြရပါမည်။ ပါဝင်လာသည့် လူအားလုံးသည် အနာဂတ်ဒအ်ဝဟ်လုပ်ငန်း၏ခေါင်းဆောင်များအားလုံး ဖြစ်မလာနိုင်ပါ။ ၎င်းတို့ထဲမှ သွက်လက် ချက်ချာသော၊ တည်ကြည်လေးနက်သော၊ အကင်းပါးသော ခေါင်းဆောင်ကောင်း တို့၏အရည်အချင်းရှိ သူများသာ အနည်းအကျဉ်းရနိုင်ပါသည်။ ဤကဲ့သို့ အရည်အချင်းပြည့်ဝသောသူများကို ဒအ်ဝဟ်လုပ်ငန်းနှင့် ပတ်သက်သည့်သင်တန်း အစီအစဉ်များတွင် လုပ်ဆောင်စေသင့်ပါသည်။
မြန်မာနိုင်ငံတွင် ဒအ်ဝဟ်ဖိတ်ခေါ်မှုလုပ်ငန်းစဉ်များအောင်မြင်မှုရရှိရန်မှာ နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက အခန်းကဏ္ဍပါ စိတ်ဝင်စားမှုရှိမှ အောင်မြင်နိုင်ပေမည်။ ဒအ်ဝဟ်လုပ်ငန်းစဉ်သည် မှန်ကန်သည့် စကားများကို သယ်ဆောင်၍ ထိုစကားရပ်များ နှင့်အညီ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး စိတ်ဝင်စားမှုများ ရှိလာစေရန် လုပ်ဆောင်ရန်လိုအပ်ပေသည်။
အလ္လာဟ်အရှင်မြတ်၏သာသနာဖြစ်သော အစ္စလာမ်သာသနာသည် ယနေ့ပစ္စက္ခအခြေအနေတွင် နောက်ဆုံး တည်ရှိသည့်ပုံစံအတိုင်း ကျွန်ုပ်တို့၏ရှေ့မှောက်လက်ဝယ်တွင်ရောက်ရှိပြီဖြစ်သည်။ ထိုပုံစံသည် ဤစကြဝဠာ (သို့) တမန်တော်မြတ်(ဆွ)သွန်သင်ပြသသည့်ပုံစံအတိုင်းဖြစ်သည်။ ၎င်းအစ္စလာမ်သည် ကမ္ဘာမြေပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ပြုစုပျိုးထောင်ပေးမှုသက်သက်ဖြင့် မရပ်တည်နိုင်ပါ။ ကျွန်ုပ်တို့သည် သာသနာကို အမှန်အတိုင်း ထပ်ဆင့်လက်ဆင့်ကမ်း ခဲ့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာ အတွင်းရှိ အခြားးသော သဘာဝတရားများကဲ့သို့ အင်အားသုံး၍ တည်ဆောက်ပါသည်။ အထက်ဖော်ပြပါ မည်သည့်အချက်မျိုးနှင့်မျှ သာသနာကိုတည်ဆောက်၍မရပါ။ သို့သော် သာသနာကိုတည်ဆောက်ရာတွင် ဖြစ်နိုင်ချေရှိသည်မှာ အချို့သောလူအစုအဝေးတို့သည် သာသနာတည်ဆောက်မှု၏ တာဝန်ကိုလက်ခံ လိုက်နာ ကျင့်သုံးမှု၊ တာဝန်ယူမှုရှိမှသာ သာသနာတည်ဆောက်ရာမည်သည်။ လူ့အစုအဝေးတစ်ရပ်သည် အလ္လာဟ်ကို ခိုင်မြဲစွာယုံကြည်သည်။ ထိုယုံကြည်စိတ်ဖြင့် ရည်ရွယ်ရည်မှန်းချက်အတိုင်း စိတ်သဘောထားကာ အခြါးသူများ၏ ဘဝရပ်တည်မှုကိုလည်း ကျမ်းတော်မြတ်ကုရ်အာန် (၃း၁၀၄)တွင် 'လူ့အစုအဝေးတွင် ကောင်းရာကိုဖော်ပြပြီး မကောင်းရာကိုတားမြစ်မည့် အဖွဲ့ရှိရမည်။ ဤသို့သောသူများသည်သာလျှင် (လုံးဝ) အောင်မြင်သူများ ဖြစ်ကြပေသည်'ဟု မိန့်ဆိုထားလေသည်။ ထို့ကြောင့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ ရရှိရန် စွန့်လွှတ် စွန့်စားရမည်၊ ပေးဆပ်ရမည်၊ လူတို့၏ အားနည်းချက်များနှင့် ဆန္ဒအထွေထွေကို ဆန့်ကျင် လှုပ်ရှားရမည်။ ဒအ်ဝဟ်လုပ်ငန်းနှင့် ဆန့်ကျင်ပြိုင်ဆိုင်သော လုပ်ရပ်များကို တားဆီးရပေမည်။
'ထို့ပြင် သူ့ကို နူးညံ့ပျော့ပျောင်းစွာပြောဆိုကြ၊ သို့မှသာ သူ့အနေနှင့် အလ္လာဟ်ကို ကြောက်ရွံ့ပြီး အသိတရား ဝင်လာမည်။' (ကုရ်အာန် ၂၀း၄၄) 'အကျင့်သီလကောင်းမြတ်သူဟူသည်ကား မိမိ၏ဒေါသကို ချုပ်ထိန်းပြီး လူအများကို ခွင့်လွှတ်ချမ်းသာပေးတတ်သူများ ဖြစ်ကြသည်။ အလ္လာဟ်အရှင်သည် ကောင်းရာ ပြုသူများကို ချစ်မြတ်နိုးတော်မူသည်။' (ကုရ်အာန် ၃း၁၃၄)
ကျွန်ုပ်တို့မှီတင်းနေထိုင်ရာ အမိမြန်မာနိုင်ငံ၌ ဒအ်ဝဟ်ဖိတ်ခေါ်မှုပြုရာတွင်လည်း အထက်ပါ အာယသ်တော် များကိုနှလုံးသွင်းဆင်ခြင်ပြီး အခြားးသူများ နားဝင်ချိုသာသော ပီယဝါစာစကားများဖြင့်သာ ဒအ်ဝဟ်လုပ်ငန်းများကို ဆောင်ရွက်ကြရန်မှာ အစ္စလာမ် အမျိုးသား၊ အမျိုးသမီးတိုင်း၏ တာဝန်သာ ဖြစ်ပေသည်။
ယနေ့မျက်မှောက် မြန်မာနိုင်ငံရှိ မွတ်စလင်မ်များသည် ဂုဏ်ရှိသော သိက္ခာရှိသော ဘဝရပ်တည်ရေး၊ သောက ကင်းဝေးနေထိုင်နိုင်ရေး၊ နှစ်ဘဝကောင်းစားရေးတို့အတွက် အစ္စလာမ့်အနှစ်သာရ၊ ကုရ်အာန် လမ်းညွှန်၊ တမန်တော်မြတ်ထံမှ ရရှိသည့် စံနမူနာကောင်းများနှင့်အညီ မိမိတို့၏ အစ္စလာမ်သာသနာကို ပိုမိုအောင်မြင်သော သာသနာဖြစ်လာစေရန် မိမိတို့မှီတင်းနေထိုင်ရာ အမိမြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးအသီးသီး၏ စာပေ၊ စကားတို့ဖြင့် ဒအ်ဝဟ်လုပ်ငန်းစဉ်ကို ကြိုးပမ်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရ ပါသည်။
+++++++++